UFS 3.1 storage ပါဝင်တဲ့ ပထမဆုံးဖုန်းဖြစ်လာတဲ့ iQOO 3

ပြီးခဲ့တဲ့အပတ်က Vivo အမှတ်တံဆိပ်ခွဲ iQOO ဟာ iQOO 3 5G စမတ်ဖုန်းကို အမြည်းပြသခဲ့ပါတယ်။ iQOO က Weibo ကတစ်ဆင့် UFS 3.1 storage ကိုမိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ UFS 3.1 ထောက်ပံ့ထားတဲ့ ထုတ်ကုန်တွေဟာ UFS storage ဆီ SSD နည်းပညာက SLC cache ပါဝင်လာပြီး ပိုမိုအဆင့်မြင့်လာစေပါတယ်။

အခုဆိုရင် iQOO က Weibo ကနေ အမြည်းမိတ်ဆက်မှုတစ်ခု ပြုလုပ်ခဲ့ပြီး ဖုန်းဒီဇိုင်းကို ပြသခဲ့ပါတယ်။

ပိုစတာအရ iQOO 3 5G ဖုန်း ညာဘက်မှာ အသံအတိုး၊ အကျယ်ခလုတ်နဲ့ အနီရောင်ပါဝါခလုတ်တို့အပြင် ဖုန်းထောင့်မှာ touch-sensitive ခလုတ်လည်းပါဝင်လာနိုင်ပါတယ်။

iQOO 3 5G ဖုန်းမှာ 3.5mm နားကြပ်ပေါက်နဲ့ ဒုတိယမြောက် မိုက်ကရိုဖုန်းလည်း ပါဝင်လာပါတယ်။ဓာတ်ပုံထဲမှာ စမတ်ဖုန်းကျောဘက်ကို ပြသထားပါတယ်။ ဖုန်းကျောဘက်မှာ ကင်မရာ ၄လုံးနဲ့ LED flash တစ်ခုတို့ပါဝင်လာပါတယ်။ ဖုန်းရဲ့အဓိက ကင်မရာကတော့ 48MP ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် iQOO 3 5G ရဲ့အသေးစိတ်အချက်အလက်တွေကလည်း Geekbench မှာထွက်ပေါ်လာပါတယ်။ ဖုန်းမှာ Snapdragon 865 SoC အသုံးပြုထားပါတယ်။

Geekbench အချက်အလက်အရ စမတ်ဖုန်းမှာ Android 10 နဲ့ RAM 12GB ပါဝင်လာမယ်လို့ အတည်ပြုထားပါတယ်။ ဒါ့အပြင် iQOO 3 5G ကို RAM 8GB နဲ့ 6GB မော်ဒယ် ၂မျိုး ထုတ်လုပ်နိုင်ပါသေးတယ်။iQOO အနေနဲ့ iQOO 5G ဖုန်းကို ဘယ်အချိန်မိတ်ဆက်မလဲဆိုတာ မထုတ်ပြန်သေးပါဘူး။

-စိုးထက်
Ref: GSMArena