UCSMTLA ICT PROJECT SHOW & JOB FAIR 2019
[ Zawgyi ]
မောင်ပေါအေး
Organizer Team Leader
စိုးရန်နိုင်
ဝေယံသဲမောင်
Marketing Team Leader
မောင်ဇင်မောင်မောင်
[ Unicode ]
UCSMTLA ICT PROJECT SHOW & JOB FAIR 2019 ကျင်းပပြုလုပ်မည့်ရက် – သြဂုတ် ၂၄ ရက်
နေရာ – ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)
အချိန် -နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ
ကွန်ပျူတာတက္ကသိုလ် (မိတ္ထီ လာ) ကျောင်းသား၊ ကျောင်းသူတွေရဲ့ စိတ်ကူးတွေနဲ့ ဖန်တီးထားတဲ့ နည်းပညာထုတ်ကုန်ပြပွဲနှင့် အလုပ်အကိုင် အခွင့်အလမ်း ပြပွဲကို သြဂုတ် ၂၄ ရက်၊ နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ကွန်ပျူတာတက္ကသိုလ် (မိတ္ထီလာ) မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
တက္ကသိုလ် အကျိုးပြု၊ ဒေသအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာမှာ သတင်းအချက်အလက် နည်းပညာတွေနဲ့ ကူညီပေးနိုင်ရန် ရည်ရွယ်ပြီး ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ) မှာ ပညာသင်ကြားလျက်ရှိတဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ စိတ်ကူးတွေနဲ့ ဖန်တီးထားတဲ့ နည်းပညာထုတ်ကုန် (Software & Hardware Project) များ ပြပွဲနှင့် အိုင်တီနည်းပညာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုရရှိစေရန်အတွက် အလုပ်အကိုင် အခွင့်အလမ်းပြပွဲ ( Job Fair) ကို ကွန်ပျူတာတက္ကသိုလ် (မိတ္ထီလာ) မှာ သြဂုတ်(၂၄) ရက် ၊ နံနက် (၉)နာ ရီမှ၊ ညနေ (၄) နာရီ အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ပြပွဲမှာ ကွန်ပျူတာတက္ကသိုလ် (မိတ္ထီလာ) မှ ကျောင်းသား ကျောင်းသူတွေရဲ့ နည်ပညာထုတ်ကုန်များ ပြသခြင်းအပြင် တက်ရောက်လာသူ နည်းပညာ ရှင်တွေရဲ့ ဝေဖန်အကြံပြုချက် တွေကိုလည်း ရယူသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နည်းပညာ စိတ်ပါ၀င်စားသူတွေအတွက် နည်းပညာနယ်ပယ်မှ လုပ်ငန်းရှင်တွေနဲ့ နည်းပညာဆွေးနွေးပွဲတွေကိုလည်း ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
မောင်ပေါအေး
Organizer Team Leader
ကျွန်တော်က ကွန်ပျူတာတက္ကသိုလ် (မိတ္ထီလာ) မှာ ကွန်ပျူတာ သိပ္ပံ အထူးပြုဘာသာရပ်နဲ့ စတုတ္ထနှစ်သင်တန်းကို တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသား တစ်ယောက် ဖြစ်ပါတယ်။ ကျွန်တော်က သြဂုတ် ၂၄ ရက်မှာ ကျင်းပမယ့် UCSMTLA ICT PROJECT SHOW & JOB FRIR 2019 မှာ Organizer အဖြစ် ပါဝင်ဆောင်ရွက်နေပါတယ်။ ဒီပွဲက ပါမောက္ခချုပ်ဆရာမကြီးရဲ့ ခွင့်ပြုလမ်းညွှန်မှုနဲ့ ကျောင်းသား၊ ကျောင်းသူများက ဦးဆောင်ပြီး ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပွဲဖြစ်မြောက်ရေးအတွက် ကျွန်တော်တို့ ပထမဦးဆုံးကျောင်း
သား၊ ကျောင်းသူ ၁၁ ယောက် နဲ့ Organizer Team ဖွဲ့ပြီး အလုပ် လုပ်ကြတယ်။ ပြီးတော့ Organizer Team အောက်ကနေ Public Relations (PR) Team, Marketing Team, Admin Team, Fund Team ဆိုပြီး Team တွေခွဲပြီး Organizer Team Member တွေက ဦးဆောင်ပြီး သက်ဆိုင်ရာ Team အလိုက် အလုပ်လုပ်ကြတယ်။ ပွဲနားနီးရင် တော့ ကျောင်းသား၊ ကျောင်းသူ Volunteers တွေ ကျွန်တော်တို့ ခေါ်မယ်။ ကျွန်တော်တို့ Orga-nizer Team နဲ့ အတူတူ ပူးပေါင်းလုပ်ဆောင်ကြဖို့ပါ။ ပွဲကျင်းပတဲ့ ရည်ရွယ်ချက်ကတော့ တက္ကသိုလ်အကျိုးပြု လုပ်ငန်းတွေ၊ ဒေသအကျိုးပြု လုပ်ငန်းတွေမှာ သတင်းအချက်အလက် နည်းပညာနဲ့ ကူညီဆောင်ရွက်ပေးနိုင်ဖို့ ရည်ရွယ်ပြီး ကျောင်းသား၊ ကျောင်းသူတွေရဲ့ စိတ်ကူးများနဲ့ တီထွင်ဖန်တီးထားတဲ့ နည်းပညာ ထုတ်ကုန် (Software/ Hardeware Project) တွေပြသပြီး ပိုမိုကောင်းမွန်တဲ့ နည်းပညာထုတ်ကုန်များ ဆက်လက်ဖန်တီးနိုင်ဖို့ IT နည်းပညာရှင်များဆီက ဝေဖန်အကြံ ပြုချက်များကို ဆွေးနွေးနိုင်ဖို့ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ကျောင်းသား၊ ကျောင်းသူတွေ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိအောင် IT Company တွေကို ဖိတ်ခေါ်ပြီး Job Fair ပွဲလည်း ကျင်းပမှာဖြစ်ပါတယ်။ သတင်းအချက်အလက် နည်းပညာ စိတ်ပါဝင်စားသူတွေနဲ့ နည်းပညာများ နှီးနှောဖလှယ် ဆွေးနွေးနိုင်ဖို့ ဦးဆောင် ဆွေးနွေးမယ့် IT ပညာရှင်တွေကိုလည်း ဖိတ်ကြားထားပြီး ဖြစ်ပါတယ်။ကျွန်တော်တို့ နယ်မြို့တွေမှာ IT နည်းပညာပြပွဲတွေ၊ ဆွေးနွေး ပွဲတွေဆိုတာ မရှိသလောက်ပဲ။ အဲ့ဒါကြောင့် ကျွန်တော်တို့ မြို့အနေနဲ့လည်း IT နည်းပညာ စိတ်ပါဝင်စားသူ လူငယ်တွေအတွက် အခွင့်အလမ်းများ ပိုမိုရရှိရန်လည်း ဖြစ်ပါတယ်။ သတင်းအချက်အလက် နည်းပညာ စိတ်ပါဝင်စားသူများ အားလုံး ကျွန်တော်တို့ရဲ့ UCSMTLA ICT PROJECT SHOW & JOB FAIR 2019 ကို လာရောက်ခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်။
စိုးရန်နိုင်
Public Relation Team Leader
ကျွန်တော်ကတော့ ကွန်ပျူတာသိပ္ပံ အထူးပြုဘာသာရပ် နဲ့ စတုတ္ထနှစ်သင်တန်းကို တက်ရောက်ပညာသင်ကြား နေပါတယ်။ ကွန်ပျူတာတက္ကသိုလ် (မိတ္ထီလာ) မှာ သြဂုတ် ၂၄ ရက်တွင် ကျင်းပမယ့် UCSMTLA ICT PROJECT SHOW & JOB FRIR 2019 မှာ public Relation (PR) Team အပိုင်းမှာ Leader အဖြစ် ပူးပေါင်းပါဝင် လုပ်ဆောင်နေပါတယ်။ ကျွန်တော် တာဝန်ယူတဲ့ အပိုင်းမှာ အဓိကလုပ်ဆောင်ရတာက ကျွန်တော်တို့ပွဲကို လူများများသိအောင် Promote လုပ်ရတာပါ။ ကျွန်တော်တို့ ဖိတ်စာတွေ ဖိတ်ရတယ်။ ကြော်ငြာ Vinyl တွေနဲ့ ကြော်ငြာရတယ်။ ဖိတ်ကြားတဲ့ အပိုင်းမှာတော့ မန္တလေး ကွန်ပျူတာပညာရှင်များအသင်း အားလုံးကို ဖိတ်ကြားထားတယ်။ မိတ္ထီလာမြို့ရှိ ဌာနဆိုင်ရာ အားလုံးနှင့် လုပ်ငန်းရှင်များ အားလုံးကို ဖိတ်ကြားတယ်။ တက္ကသိုလ်၊ ကောလိပ် အားလုံးကို ဖိတ်ကြားတယ်။ အခြေခံပညာ အထက်တန်းကျောင်း အားလုံးကို ဖိတ်ကြားတယ်။ ကိုယ်ပိုင်အထက်တန်းကျောင်း အားလုံးကို ဖိတ်ကြားတယ်။ ရမည်းသင်း နည်းပညာတက္ကသိုလ်ကို ဖိတ်ကြားတယ်။ ပြီးတော့ ကျွန်တော်တို့ မြို့တွင်းမှာ ကြော်ငြာဘုတ်ကြီးတွေထောင်ပြီး ကြော်ငြာတယ်။ လက်ကမ်းကြော် ငြာတွေ ဝေပြီး ကြော်ငြာတယ်။ ကျွန်တော် UCS-Meiktila ICT Porject Show & Job Fair Facebook Page ကနေလည်း ပွဲနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်ကြေငြာပေးတယ်။ UCS-Meiktila ICT Porject Show & Job Fair Facebook Page မှာ ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဝင်ကြည့်လို့ ရပါတယ်။ မီဒီယာတွေကနေလည်း ကြော်ငြာတယ်။ UCSMTLA ICT Porject Show & Job Fair 2019 ကို လာရောက်သူတွေအတွက် ပိတ်ပွဲမှာ ကံစမ်းမဲ အစီအစဉ်လေး လုပ်ပေးဖို့လည်း စီစဉ်ထားတယ်။ UCSMTLA ICT Porject Show & Job Fair 2019 ကို နည်းပညာ စိတ်ပါဝင်သူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သတင်းလက်ဆောင် ပါးလိုက်ပါတယ် ။ နည်းပညာ စိတ်ပါဝင်စား သူအားလုံးကိုလည်း တက်ရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ဝေယံသဲမောင်
Marketing Team Leader
ကျွန်တော်ကတော့ ကွန်ပျူတာနည်းပညာ အထူးပြုဘာသာရပ်နဲ့ တတိယနှစ်သင်တန်းကို တက်ရောက်ပညာသင် ကြားနေပါတယ်။ ကွန်ပျူတာတက္ကသိုလ် (မိတ္ထီလာ) မှာ သြဂုတ် ၂၄ ရက်မှာ ကျင်းပမယ့် UCSMTLA ICT Porject Show & Job Fair 2019 မှာ Marketing Team အပိုင်းမှာ Leader အဖြစ် ပူးပေါင်း ပါဝင်လုပ်ဆောင်နေပါတယ်။ ။ ကျွန်တော် တာဝန်ယူတဲ့ အပိုင်းမှာ အဓိက လုပ်ဆောင်ရတာက ပွဲကျင်းပနိုင်ရေးအတွက် လိုအပ်တဲ့ Fund ရရှိဖို့ Markting ဆင်းပြီး Sponsors Partner ရှာရပါတယ်။ Marketing ဆင်း ဖြစ်တာတော့ ကျွန်တော်တို့ မိတ္ထီလာမြို့ လုပ်ငန်းရှင် ကုမ္ပဏီတွေရယ်၊ ရန်ကုန်၊ မန္တလေးရှိ ကုမ္ပဏီအချို့ရယ် ဆင်းဖြစ်တယ်။ နယ်မြို့ဆိုတော့ Marketing ဆင်း Sponsors ရှာရတာ အခက်အခဲလေးတွေ ရှိပါတယ်။ UCSMTLA ICT Porject Show & Job Fair 2019 ကို နည်းပညာ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်မယ်လို့ သတင်းလက်ဆောင် ပါးလိုက်ပါတယ်။ နည်းပညာ စိတ်ပါဝင်စားသူ အားလုံးကိုလည်း တက်ရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
မောင်ဇင်မောင်မောင်
ကျွန်တော်ကတော့ ကွန်ပျူတာနည်းပညာ အထူးပြုဘာသာရပ်နဲ့ စတုတ္ထနှစ်သင်တန်းကို တက်ရောက်နေပါတယ်။ ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ) မှာ သြဂုတ် ၂၄ ရက်တွင် ကျင်းပမယ့် UCSMTLA ICT PROJECT SHOW & JOB FRIR 2019 မှာ ကျွန်တော်က Admin Team Leader တာဝန်ယူပြီး ပူးပေါင်းပါဝင် လုပ်ဆောင်နေပါတယ်။ ကျွန်တော် တာဝန်ယူတဲ့ အပိုင်းမှာ အဓိက လုပ်ဆောင်ရတာကတော့ ပွဲအခမ်းအနား အပြင်အဆင်နဲ့ တက်ရောက်လာတဲ့ ဧည့်သည်တော်တွေကို နေရာချထားပေးဖို့ ဖြစ်ပါတယ်။ ပွဲအခမ်းအနား ပြင်ဆင်ဖို့အတွက် ပွဲမတိုင်ခင် တစ်ပတ်လောက် အလိုကတည်းက လိုအပ်တဲ့ ပစ္စည်းတွေကို ကြိုတင်ပြင်ဆင်ထားရတယ်။ တက်ရောက်လာတဲ့ ဧည့်သည်တော်တွေ နေရာချထားပေးဖို့ကို လည်း စနစ်တကျဖြစ်ဖို့အတွက် ပွဲအစီအစဉ်တွေကို ကြိုတင်ပြီး ရေးဆွဲထားရတယ် ။ UCSMTLA ICT PROJECT SHOW & JOB FRIR 2019 ကို စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါတယ်။ တက်ရောက်ကြဖို့လည်း ဖိတ်ခေါ်လိုက်ရပါတယ် ခင်ဗျ။