Ubuntu Release Party & FLOSS အခမ္းအနား က်င္းပမည္

[ Zawgyi ]

Ubuntu Release Party & FLOSS အခမ္းအနားကို ဇြန္ ၂ ရက္မွာ က်င္းပျပဳလုပ္သြားမယ္လို႔ Ubuntu Myanmar LoCo Team မွ သိရပါတယ္။

Ubuntu မွာ Windows တို႔ Mac တို႔ကဲ့သို႔ေသာ OS တစ္ခုျဖစ္ၿပီး လိုင္စင္ေၾကးေပးရန္ မလိုအပ္ဘဲ အခမဲ့ရယူႏိုင္ေၾကာင္း၊ အခမ္အနားတြင္လည္း OS နဲ႔ Software ေတြကို အခမဲ့ ေဝေပးသြားမွာျဖစ္ေၾကာင္း သိရပါတယ္။

Ubuntu Myanmar LoCo Team အေနနဲ႔ Ubuntu Operating System ကို ျမန္မာႏိုင္ငံ အႏွံံ႔အျပားမွလူမ်ား အလြယ္တကူ သံုးစြဲႏိုင္ရန္အတြက္ အက်ိဳးအျမတ္မယူ ကူညီေနတဲ့ အဖြဲ႕အစည္းျဖစ္ၿပီး Ubuntu ႏိုင္ငံတကာ အသိုင္းအ၀ိုင္းမွ တရား၀င္ အသိအမွတ္ျပဳ LoCo Team တစ္ခုျဖစ္တယ္လို႔ သိရပါတယ္။ Ubuntu Myanmar LoCo Team ကို ၂၀၁၀ ခုႏွစ္မွာ ျပန္လည္ဖြဲ႕စည္းခဲ့ၿပီး ၂၀၁၁ ခုႏွစ္၊ ႏို၀င္ဘာ ၁၆ ရက္မွာ Ubuntu Community Council မွ တရား၀င္ အသိအမွတ္ျပဳခဲ့တယ္လို႔ သိရပါတယ္။

Ubuntu Myanmar LoCo Team အေနနဲ႔ အမ်ားျပည္သူအၾကား Ubuntu Operating Sysyem အေၾကာင္း အကြ်မ္းတ၀င္ ရွိေစရန္နဲ႔ ကြ်မ္းက်င္စြာ အသံုးျပဳႏိုင္ရန္အတြက္ ကိုက္ပိုင္ေငြျဖင့္ နည္းပညာဆိုင္ရာပြဲမ်ား မၾကာခဏ က်င္းပျပဳလုပ္ေပးလ်က္ရွိရာ ၂၀၁၁ ခုႏွစ္မွ ၂၀၁၉ ခုႏွစ္အထိ နည္းပညာပြဲနဲ႔ သင္တန္းစုစုေပါင္း (၁၂၈) ႀကိမ္အထိ က်င္းပၿပီးစီးခဲ့တယ္လို႔ သိရပါတယ္။

ကမၻာအႏွ႔ံ ေျပာင္းလဲတိုးတက္ေနတဲ့ နည္းပညာက႑မွာ ႏိုင္ငံရဲ႕ အေျခအေနနဲ႔ LoCo Team ရဲ႕ လုပ္ေဆာင္ႏိုင္စြမ္းကို ပစၥည္းအင္အား၊ ေငြေၾကးအင္အားတို႔ျဖင့္ ႏႈိင္းယွဥ္ၾကည့္မည္ ဆိုပါက လိုအပ္ခ်က္မ်ားစြာ ရွိေနေၾကာင္း၊ နည္းပညာပြဲႏွင့္ သင္တန္းမ်ားကို စဥ္ဆက္မျပတ္ က်င္းပႏိုင္ဖို႔ ရည္ရြယ္ထားေသာ္လည္း ကိုယ္ပိုင္ေငြျဖင့္ လုပ္ေဆာင္ရတဲ့အတြက္ လုပ္ငန္းတြင္က်ယ္ျခင္း မရွိေၾကာင္း၊ ထို႔အတြက္ ဇြန္လ ၂ ရက္မွာ က်င္းပမယ့္ Ubuntu Release Party & FLOSS အခမ္းအနားအတြက္ Sponsor မ်ား ပါ၀င္ကူညီအားျဖည့္ႏိုင္ဖို႔လည္း ဖိတ္ေခၚထားေၾကာင္း သိရပါတယ္။ အခမ္းအနားအတြက္ Sponsor ပါ၀င္လိုသူေတြအေနနဲ႔ ကိုကိုရဲ (Ubuntu Myanmar LoCo Team) ဖုန္း- ၀၉၄၅၀၀၂၂၀၂၂ နဲ႔ ၀၉၇၉၈၉၂၂၀၂၂ ကို ဆက္သြယ္ စံုစမ္းႏိုင္မွာ ျဖစ္ပါတယ္။

ပြဲနဲ႔ပတ္သက္တဲ့ အခ်က္အလက္ ေတြကို https://www.facebook.com/groups/ubuntu4mm နဲ႔ https://www.facebook.com/UbuntuMM/ မွာ ၀င္ေရာက္ေလ့လာႏိုင္သလို ပြဲတက္ေရာက္မယ့္ သူေတြအေနနဲ႔ https://tinyurl.com/DiscoDingoMM ကေန Register ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။

[ Unicode ]

Ubuntu Release Party & FLOSS အခမ်းအနားကို ဇွန် ၂ ရက်မှာ ကျင်းပပြုလုပ်သွားမယ်လို့ Ubuntu Myanmar LoCo Team မှ သိရပါတယ်။

Ubuntu မှာ Windows တို့ Mac တို့ကဲ့သို့သော OS တစ်ခုဖြစ်ပြီး လိုင်စင်ကြေးပေးရန် မလိုအပ်ဘဲ အခမဲ့ရယူနိုင်ကြောင်း၊ အခမ်အနားတွင်လည်း OS နဲ့ Software တွေကို အခမဲ့ ဝေပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

Ubuntu Myanmar LoCo Team အနေနဲ့ Ubuntu Operating System ကို မြန်မာနိုင်ငံ အနှံံ့အပြားမှလူများ အလွယ်တကူ သုံးစွဲနိုင်ရန်အတွက် အကျိုးအမြတ်မယူ ကူညီနေတဲ့ အဖွဲ့အစည်းဖြစ်ပြီး Ubuntu နိုင်ငံတကာ အသိုင်းအဝိုင်းမှ တရားဝင် အသိအမှတ်ပြု LoCo Team တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ Ubuntu Myanmar LoCo Team ကို ၂၀၁၀ ခုနှစ်မှာ ပြန်လည်ဖွဲ့စည်းခဲ့ပြီး ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်မှာ Ubuntu Community Council မှ တရားဝင် အသိအမှတ်ပြုခဲ့တယ်လို့ သိရပါတယ်။

Ubuntu Myanmar LoCo Team အနေနဲ့ အများပြည်သူအကြား Ubuntu Operating Sysyem အကြောင်း အကျွမ်းတဝင် ရှိစေရန်နဲ့ ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန်အတွက် ကိုက်ပိုင်ငွေဖြင့် နည်းပညာဆိုင်ရာပွဲများ မကြာခဏ ကျင်းပပြုလုပ်ပေးလျက်ရှိရာ ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ နည်းပညာပွဲနဲ့ သင်တန်းစုစုပေါင်း (၁၂၈) ကြိမ်အထိ ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာအနှ့ံ ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာကဏ္ဍမှာ နိုင်ငံရဲ့ အခြေအနေနဲ့ LoCo Team ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ပစ္စည်းအင်အား၊ ငွေကြေးအင်အားတို့ဖြင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက လိုအပ်ချက်များစွာ ရှိနေကြောင်း၊ နည်းပညာပွဲနှင့် သင်တန်းများကို စဉ်ဆက်မပြတ် ကျင်းပနိုင်ဖို့ ရည်ရွယ်ထားသော်လည်း ကိုယ်ပိုင်ငွေဖြင့် လုပ်ဆောင်ရတဲ့အတွက် လုပ်ငန်းတွင်ကျယ်ခြင်း မရှိကြောင်း၊ ထို့အတွက် ဇွန်လ ၂ ရက်မှာ ကျင်းပမယ့် Ubuntu Release Party & FLOSS အခမ်းအနားအတွက် Sponsor များ ပါ၀င်ကူညီအားဖြည့်နိုင်ဖို့လည်း ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။ အခမ်းအနားအတွက် Sponsor ပါ၀င်လိုသူတွေအနေနဲ့ ကိုကိုရဲ (Ubuntu Myanmar LoCo Team) ဖုန်း- ၀၉၄၅၀၀၂၂၀၂၂ နဲ့ ၀၉၇၉၈၉၂၂၀၂၂ ကို ဆက်သွယ် စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။

ပွဲနဲ့ပတ်သက်တဲ့ အချက်အလက် တွေကို https://www.facebook.com/groups/ubuntu4mm နဲ့ https://www.facebook.com/UbuntuMM/ မှာ ၀င်ရောက်လေ့လာနိုင်သလို ပွဲတက်ရောက်မယ့် သူတွေအနေနဲ့ https://tinyurl.com/DiscoDingoMM ကနေ Register ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။