SM Player ကို Ubuntu OS တြင္ ထည့္သြင္းျခင္း

[ Zawgyi ]

SM Player ဆိုတာကေတာ့ Ubuntu OS မွာ အသံုးျပဳႏိုင္မယ့္ media player အမ်ိဳးအစားတစ္ခုပဲ ျဖစ္ပါတယ္။ Video file format အမ်ားအျပားနဲ႔ audio format အမ်ားအျပားကို အေထာက္အပံ့ေပးႏိုင္ေအာင္ စီစဥ္ေပးထားတဲ့ ေဆာ့ဖ္ဝဲတစ္ခုလည္း ျဖစ္ပါတယ္။
Ubuntu OS မွာ SM Player ကို ထည့္သြင္းဖို႔အတြက္ ပထမဆံုး Ubuntu OS System ရဲ႕ Package ေတြကို Update ေတြ Upgrade ေတြ ျပဳလုပ္ထားသင့္ပါတယ္။ Package ေတြကို Update ျပဳလုပ္ဖို႔အတြက္ Ubuntu ရဲ႕ Terminal ကို Ctrl + Alt + T ကိုအသံုးျပဳၿပီး ဖြင့္ရပါမယ္။ ၿပီးၿပီဆိုရင္ေတာ့ Terminal ထဲမွာ sudo apt-get update ဆိုတဲ့ Command နဲ႔ Package ေတြကို အရင္ Update ျပဳလုပ္ရမွာ ျဖစ္ပါတယ္။

Update ျပဳလုပ္ၿပီးၿပီ ဆိုရင္ေတာ့ sudo apt-get upgrade နဲ႔ Upgrade ထပ္မံလုပ္ေပးရပါမယ္။

SM Player ကို Ubuntu မွာထည့္သြင္း အသံုးျပဳဖို႔အတြက္ ေဖာ္ျပပါ command ေတြကို Terminal မွာ ႐ိုက္ထည့္ရပါမယ္။ အသံုးျပဳရမယ့္ command ေတြကေတာ့ –

sudo add-apt-repository ppa:rvm/smplayer

sudo apt-get update

sudo apt-get install smplayer smtube smplayer-themes smplayer-skins

ဆိုတဲ့ command ေတြနဲ႔ ထည့္သြင္းရမွာျဖစ္ပါတယ္။ အဆိုပါ command ေတြၿပီးရင္ သက္ဆိုင္ရာ package ေတြကို download လုပ္သြားမွာ ျဖစ္ပါတယ္။ တကယ္လို႔ အသံုးမျပဳလိုေတာ့ဘူးဆိုရင္

sudo apt install ppa-purge && sudo ppa-purge ppa:rvm/smplayer ဆိုိတဲ့ command နဲ႔ ျပန္လည္ ဖယ္ရွားႏိုင္မွာျဖစ္ပါ
တယ္။

-သီဟ

[ Unicode ]

SM Player ဆိုတာကတော့ Ubuntu OS မှာ အသုံးပြုနိုင်မယ့် media player အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ Video file format အများအပြားနဲ့ audio format အများအပြားကို အထောက်အပံ့ပေးနိုင်အောင် စီစဉ်ပေးထားတဲ့ ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်ပါတယ်။
Ubuntu OS မှာ SM Player ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

SM Player ကို Ubuntu မှာထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo add-apt-repository ppa:rvm/smplayer

sudo apt-get update

sudo apt-get install smplayer smtube smplayer-themes smplayer-skins

ဆိုတဲ့ command တွေနဲ့ ထည့်သွင်းရမှာဖြစ်ပါတယ်။ အဆိုပါ command တွေပြီးရင် သက်ဆိုင်ရာ package တွေကို download လုပ်သွားမှာ ဖြစ်ပါတယ်။ တကယ်လို့ အသုံးမပြုလိုတော့ဘူးဆိုရင်

sudo apt install ppa-purge && sudo ppa-purge ppa:rvm/smplayer ဆိိုတဲ့ command နဲ့ ပြန်လည် ဖယ်ရှားနိုင်မှာဖြစ်ပါ
တယ်။

-သီဟ