Ubuntu OS 19.10 တွင် qBittorent 4.2.0 ကို ထည့် သွင်းခြင်း

qBittorrent ဆိုတာကတော့ Ubuntu OS မှာ torrent ကဖိုင်တွေကို download နိုင်အောင်စီစဉ်ပေးထားတဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ qBittorrent 4.2.0 ကို Ubuntu OS 19.10 မှာ ထည်သွင်း အသုံးပြုလိုသူတွေအနေနဲ့ ဖော်ပြပါနည်းလမ်းအတိုင်း ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။

Ubuntu OS မှာ qBittorrent 4.2.0 ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီးဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရ မှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင် တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

qBittorrent 4.2.0 ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo add-apt-repository ppa:qbittorrent-team/qbittorrent-stable

sudo apt update &&sudo apt install qbittorrent

ဆိုတဲ့ command တွေဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး ထည့်သွင်းပေးသွားပါလိမ့်မယ်။ တကယ်လို့ အသုံးမပြုချင်လို့ ပြန်လည်ဖယ်ရှားချင်တယ်ဆိုရင်

sudo add-apt-repository –remove ppa:qbittorrent-team/qbittorrent-stable

sudo apt-get remove –autoremoveqbittorrent

ဆိုတဲ့ command တွေနဲ့ ပြန်လည်ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

-သီဟ