Wine ဆိုတဲ့ဆော့ဖ်ဝဲဟာ windows မှာ သုံးစွဲ application အချို့ကို Linux platform ပေါ်မှာ ထည့်သွင်းသုံးစွဲလိုတဲ့အခါမှာ အသုံးပြုနိုင်အောင် စီစဉ်ပေးထားတဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ Application တိုင်းကို သုံးစွဲနိုင်တာမျိုး မဟုတ်ပေမယ့် အချို့ application တွေကို ထည့်သွင်းသုံးစွဲနိုင်အောင် စီစဉ်ပေးထားတဲ့ ဆော့ဖ်ဝဲတစ်ခုပဲ ဖြစ်ပါတယ်။ Ubuntu OS 17.04 နဲ့ 17.10 မှာ Wine 2.22 ကို ထည့်သွင်း သုံးစွဲချင်သူတွေအတွက် ဖော်ပြပါနည်းလမ်းအတိုင်း ထည့်သွင်းနိုင်ပါတယ်။
Wine 2.22 ကို Ubuntu OS မှာ ထည့်သွင်းမယ်ဆိုရင် အဆိုပါ နည်းလမ်းအတိုင်း ထည့်သွင်းနိုင်ပါတယ်။ ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ် ရမှာဖြစ်ပါတယ်။
Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။
Wine 2.22 ကိုUbuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ ထည့်သွင်းရမယ့် command တွေကတော့ –
wget -nc https://dl.winehq.org/wine-builds/Release.key
sudo apt-key add Release.key
sudo apt-add-repository https://dl.winehq.org/wine-builds/ubuntu/
sudo apt-get update
sudo apt-get install –install-recommends winehq-stable
ဆိုတဲ့ command တွေနဲ့ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ပြီး ထည့်သွင်းပေးမှာ ဖြစ်တဲ့အတွက် ခေတ္တစောင့်ဆိုင်း ပေးရပါမယ်။ တကယ်လို့ ကိုယ်ထည့်သွင်းထားတဲ့ Wine version ကို ပြန်လည်စစ်ဆေး လိုတယ်ဆိုရင် Terminal မှာ Wine – version ဆိုတဲ့ command ကို ရိုက်ထည့်ပြီး စစ်ဆေးနိုင်ပါတယ်။
-သီဟ