Ubuntu OS 17.10 မှာ ClipGrab ကို ထည့်သွင်းခြင်း

ClipGrab ဆိုတာကတော့ YouTube, Vimeo, Metacafe, Dailymotion အစရှိတဲ့ online video site တွေက ဗီဒီယိုတွေကို download လုပ်ယူနိုင်သလို convert လုပ်ပေးနိုင်တဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ အဆိုပါ ဆော့ဖ်ဝဲကို Ubuntu OS 17.10 မှာ ထည့်သွင်း အသုံးပြုလိုသူတွေအနေနဲ့ ဖော်ပြပါ နည်းလမ်းအတိုင်း ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။

ClipGrab ကို Ubuntu OS မှာ ထည့်သွင်းမယ်ဆိုရင် အဆိုပါ နည်းလမ်းအတိုင်း ထည့်သွင်းနိုင် ပါတယ်။ ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင်Update ပြုလုပ်ရမှာ ဖြစ် ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရ ပါမယ်။

ClipGrab ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။

ထည့်သွင်းရမယ့် command တွေ ကတော့ –

sudo add-apt-repository ppa:clipgrab-team/ppa

sudo apt-get update

sudo apt-get install clipgrab

ဆိုတဲ့ command တွေနဲ့ ထည့်သွင်းရမှာ ဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ပြီး ထည့်သွင်းသွားမှာ ဖြစ်တဲ့အတွက် ခေတ္တစောင့်ဆိုင်း ပေးရမှာဖြစ်ပါတယ်။

-သီဟ