Ubuntu OS 14.04 တွင် Geary Mail Client App ကို ထည့်သွင်းခြင်း

mail-client.gif

Ubuntu OS 14.04 ပေါ်မှာ Geary ဆိုတဲ့ Mail Client App ကိုထည့်သွင်း အသုံးပြုမယ့် နည်းဖြစ်ပါတယ်။ Geary Mail Client App ကို ထည့်သွင်းထားခြင်းဖြင့် Gmail အပြင် အခြားသော mail တွေကိုလည်း ချိတ်ဆက်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Geary မှာSymbol Icon အသစ် တွေအပြင် Security Tool တွေ၊ မေးလ်တွေကို ရှာဖွေရာမှာ အလွယ်တကူနဲ့ ရှာဖွေနိုင်အောင် ပြုလုပ်နိုင်တဲ့ Feature တွေလည်း ပါဝင်လာတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

Geary Mail Client ကို Ubuntu OS မှာထည့်သွင်း အသုံးပြုဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာsudo apt-get update ဆိုတဲ့ Command နဲ့ Package တွေ ကို  အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-getupgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

 နောက်တစ်ဆင့်ကတော့ Geary Mail Client ကို Install ပြုလုပ်ဖို့အတွက် Terminal မှာ ဖော်ပြပါ Command တွေကို တစ်ကြောင်းချင်းစီ ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command တွေကတော့-

sudo add-apt-repository ppa:tombeckmann/geary

sudo apt-get update && sudo apt-get install geary စတာတွေပဲ ဖြစ်ပါတယ်။ ဒီအဆင့်ကို ပြီးသွားပြီဆိုရင်တော့ Geary Mail Client ကို Install ပြုလုပ်တဲ့ အဆင့်ပြီးသွားပြီ ဖြစ်ပါတယ်။ Geary Mail Client ကို Install ပြုလုပ်ပြီးပြီဆိုရင် Yahoo Mail, Gamil, Outlook အစရှိတဲ့  mail တွေကို Geary Mail Client မှာ ချိတ်ဆက်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Mail Client တွေကို ချိတ်ဆက် အသုံးပြုတဲ့အတွက် အင်တာနက်ကွန်နက်ရှင်မရှိတဲ့ အချိန်မျိုးတွေမှာပါ ကိုယ်ကြည့်ရှုလိုတဲ့ mailတွေကို အချိန်မရွေး ကြည့်ရှုအသုံးပြုနိုင်မှာဖြစ်ပြီး အီးမေးလ်အကောင့်တွေ အကုန်လုံးကို တစ်နေရာတည်းကနေ ဖတ်ရှုလေ့လာ နိုင်မှာဖြစ်ပြီး အထက်ပါနည်းမှာUbuntu OS 14.04 တွင် GearyMail Client ကို ထည့်သွင်းနည်း ဖြစ်ပါတယ်။