
RawTherapee 5.7 ကို မကြာသေးခင်ကမှ ဖြန့်ချိပေးလိုက်ပါတယ်။ Ubuntu OS 18.04 နဲ့ 19.04 တွေမှာ ထည့်သွင်း အသုံးပြုချင်သူတွေအတွက် ဖော်ပြပါ နည်းလမ်းအတိုင်း ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Ubuntu OS မှာ Raw Therapee 5.7 ကို ထည့်သွင်း ဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင် တော့Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။
Update ပြုလုပ်ပြီးပြီဆို ရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ် ပေးရပါမယ်။ RawTherapee ကို ထည့်သွင်းမယ်ဆိုရင် ဖော်ပြထားတဲ့ command တွေနဲ့ ထည့်သွင်းနိုင်ပါတယ်။ အသုံးပြုရမယ့် command တွေကတော့ –
sudo add-apt-repository ppa:dhor/myway
sudo apt update
sudo apt install rawtherapee
ဆိုတဲ့ command တွေကိုထည့်သွင်းပြီးထည့်သွင်းရမှာဖြစ်ပါတယ်။ ဒါဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး တစ်ခါတည်း ထည့်သွင်း ပေးသွားမှာဖြစ်ပါတယ်။
-သီဟ