Ubuntu OS မှာ LightZone ကိုထည့်သွင်းခြင်း

LightZone ဆိုတာကတော့ Ubuntu OS မှာ ဓာတ်ပုံတွေကို ပြင်ဆင်နိုင်မယ့် ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ Digital photo editor ဆော့ဖ်ဝဲတစ်ခုဖြစ်ပြီး raw format တွေကို ပြင်ဆင်နိုင်အောင် စီစဉ်ပေးထားပါတယ်။

Ubuntu OS မှာ LightZone ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို  အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

LightZone ကို Ubuntu မှာထည့်သွင်း အသုံးပြုဖို့အတွက်  ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo add-apt-repository ppa:dhor/myway

sudo apt install lightzone

ဆိုတဲ့ command ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အဆိုပါ command ကို အသုံးပြုပြီးရင် သက်ဆိုင်ရာ package တွေကို ထည့်သွင်းမှာဖြစ်တဲ့အတွက် ခေတ္တစောင့်ဆိုင်းပေးရပါမယ်။ Package တွေကို download လုပ်ယူပြီးပြီဆိုရင် တစ်ခါတည်း ထည့်သွင်းပေးသွားပါလိမ့်မယ်။ လုပ်ငန်းစဉ်ပြီးဆုံးပြီဆိုပါက Ubuntu OS မှာ LightZone ကိုထည့်သွင်းပြီးပြီဖြစ်ပါတယ်။ အသုံးမပြုလိုတော့လို့ ပြန်လည်ဖယ်ရှားလိုတယ်ဆိုရင် sudo apt remove lightzone ဆိုတဲ့ command နဲ့ ပြန်လည်ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

-သီဟ