Ubuntu OS မှာ Krita 4.4.1 ကိုထည့်သွင်းခြင်း

Krita ဆိုတာကတော့ Ubuntu OS မှာထည့်သွင်း အသုံးပြုနိုင်မယ့် Digital Painting app တစ်ခုဖြစ်ပါတယ်။ Ubuntu OS မှာ Krita 4.4.1 ကိုထည့်သွင်း အသုံးပြုလိုတယ်ဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း လုပ်ဆောင်နိုင်ပါတယ်။

Ubuntu OS မှာ Krita 4.4.1 ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

Krita 4.4.1 ကို Ubuntu မှာထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo add-apt-repository ppa:kritalime/ppa

sudo apt update

sudo apt install krita

ဆိုတဲ့ command တွေ ကို ထည့်သွင်းပေးရပါမယ်။ အဆိုပါ command တွေကိုထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ပြီး တစ်ခါတည်း ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

အသုံးမလိုတော့လို့ ပြန်လည်ဖယ်ရှားလိုတယ်ဆိုရင် sudo apt remove –autoremove krita krita-* ဆိုတဲ့ command နဲ့ ပြန်လည်ဖယ်ရှားနိုင်ပါတယ်။

-သီဟ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««