
Hugin ဆိုတာကတော့ Panorama open source ဆော့ဖ်ဝဲ တစ်ခုဖြစ်ပါတယ်။ Hugin ကို ထည့်သွင်း Ubuntu OS မှာ ထည့်သွင်းအသုံးပြုလိုသူတွေအနေနဲ့ ဖော်ပြပါနည်းလမ်းအတိုင်း ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Ubuntu OS မှာ Hugin ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြု လုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ် ရမှာဖြစ်ပါတယ်။
Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ် ပေးရပါမယ်။
Hugin ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –
sudo add-apt-repository ppa:ubuntuhandbook1/apps
sudo apt update
sudo apt install hugin
ဆိုတဲ့ command တွေ ဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး ထည့်သွင်း ပေးသွားမှာဖြစ်ပါတယ်။ အသုံးမပြုလိုတော့ဘူးဆိုရင်
sudo apt-get remove –autoremove hugin hugin-tools
ဆိုတဲ့ command နဲ့ ပြန်လည် ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။
-သီဟ
»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««