
Gthumb ဆိုတာကတော့ Ubuntu OS မှာ အသုံးပြုနိုင်မယ့် image viewer ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ Gthumb 3.8.1 version ကို Ubuntu OS မှာ ထည့်သွင်း အသုံးပြုချင်တယ်ဆို ရင် ဖော်ပြပါ နည်းလမ်းအတိုင်း ထည့်သွင်းနိုင်ပါတယ်။
Ubuntu OS မှာ Gthum 3.8.1 ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Updateတွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာsudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။
Update ပြုလုပ်ပြီးပြီဆိုရင် တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။
Gthumb ကို ထည့်သွင်းမယ် ဆိုရင် ဖော်ပြထားတဲ့ command တွေနဲ့ ထည့်သွင်းနိုင်ပါတယ်။ အသုံးပြုရမယ့် command တွေ ကတော့ –
sudo add-apt-repository ppa:dhor/myway
sudo apt update &&sudo apt install gthumb
ဆိုတဲ့ command တွေကို ထည့်သွင်းပြီး ထည့်သွင်းရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး တစ်ခါတည်းထည့်သွင်း ပေးသွားမှာ ဖြစ်ပါတယ်။ တကယ်လို့ အသုံးမပြုချင်တော့ဘူးဆိုရင်
sudo add-apt-repository –remove ppa:dhor/myway
sudo apt remove gthumbgthumb-data
ဆိုတဲ့ command တွေနဲ့ပြန်လည် ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။
-သီဟ