Ubuntu OS မှာ GScan ထည့်သွင်းခြင်း

GScan ဆိုတာကတော့ Ubuntu OS မှာ pdf တွေ DjVu form တွေကို ပြောင်းလဲပေးနိုင်မယ့် ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။ Gscan ကိုထည့်သွင်းခြင်တယ်ဆိုရင်ဖော်ပြပါနည်းလမ်းအတိုင်း လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

Ubuntu OS မှာ Gscan ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို  အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

Gscan ကို Ubuntu မှာထည့်သွင်း အသုံးပြုဖို့အတွက်  ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo add-apt-repository ppa:jeffreyratcliffe/ppa

sudo apt update && sudo apt install gscan2pdf

ဆိုတဲ့ command ကို အသုံးပြုရမှာဖြစ်ပါတယ်။ အဆိုပါ command ကို အသုံးပြုပြီးရင် သက်ဆိုင်ရာ package တွေကို ထည့်သွင်းမှာဖြစ်တဲ့အတွက် ခေတ္တစောင့်ဆိုင်းပေးရပါမယ်။ Package တွေကို download လုပ်ယူပြီးပြီဆိုရင် တစ်ခါတည်း ထည့်သွင်းပေးသွားပါလိမ့်မယ်။ လုပ်ငန်းစဉ်ပြီးဆုံးပြီဆိုပါက Ubuntu OS မှာ Gscan ကိုထည့်သွင်းပြီးပြီဖြစ်ပါတယ်။ အသုံးမပြုလိုတော့လို့ ပြန်လည်ဖယ်ရှားလိုတယ်ဆိုရင် sudo apt-get remove –autoremove gscan2pdf ဆိုတဲ့ command နဲ့ ပြန်လည်ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။

-သီဟ