
FileZilla ကို Ubuntu OS မှာ ထည့်သွင်းချင်သူတွေအတွက် ထည့်သွင်းနည်းဖြစ်ပါတယ်။ FileZilla 3.48.1 ကို Ubuntu OS မှာ ထည်သွင်းချင်သူတွေအနေနဲ့ ဖော်ပြပါနည်းလမ်းအတိုင်းလုပ် ဆောင်နိုင်ပါတယ်။
Ubuntu OS မှာ FileZilla ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T အသုံးပြုပြီး ဖွင့်ရပါမယ်။ပြီးပြီဆို ရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။
Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ် ပေးရပါမယ်။
FileZilla ကို Ubuntu မှာထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –
sudo add-apt-repository ppa:sicklylife/filezilla
sudo apt update
sudo apt install filezilla
ဆိုတဲ့ command တွေဖြစ်ပါတယ်။ ဖော်ပြပါအဆင့်ကို လုပ်ဆောင်ပြီးရင် သက်ဆိုင်ရာ package တွေကို ထည့်သွင်းမှာ ဖြစ်တဲ့အတွက် ခေတ္တစောင့်ဆိုင်း ပေးရပါမယ်။ Package တွေကို download လုပ်ယူပြီးပြီဆိုရင် တစ်ခါတည်း ထည့်သွင်းပေးသွား ပါလိမ့်မယ်။
-သီဟ