Ubuntu OS မှာ Deepin Desktop ကိုထည့်သွင်းခြင်း

Ubuntu OS 20.04 LTS မှာ Deepin Desktop ကိုထည့်သွင်း အသုံးပြုချင်သူတွေအနေနဲ့ ဖော်ပြပါ နည်းလမ်းအတိုင်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

Ubuntu OS မှာ Deepin Desktop ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

Deepin ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo add-apt-repository ppa:ubuntudde-dev/stable

sudo apt update

sudo apt install ubuntudde-dde

ဆိုတဲ့ command တွေဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး ထည့်သွင်း ပေးသွားမှာဖြစ်ပါတယ်။ အသုံး မပြုလိုတော့ဘူးဆိုရင်

sudo apt remove ‘~ndde-.*’ ‘~ndeepin-.*’ startdde ubuntudde-dde ‘~nxscreensaver-.*’

sudo apt autoremove

ဆိုတဲ့ command နဲ့ ပြန်လည်ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

-သီဟ