Ubuntu OS မှာ Darktable ဆော့ဖ်ဝဲကိုထည့်သွင်းခြင်း

Darktable ဆိုတာကတော့ Ubuntu OS မှာ အသုံးပြုနိုင်မယ့် photography application တစ်ခုဖြစ်ပါတယ်။ Darktable ကို Ubuntu OS မှာထည့်သွင်း အသုံးပြုချင်တယ်ဆိုရင် ဖော်ပြပါနည်းလမ်းအတိုင်း ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။

Ubuntu OS မှာ Darktable ကို ထည့်သွင်းဖို့အတွက်ပထမ ဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့် ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင် တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံ လုပ်ပေးရပါ မယ်။

Darktable ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo add-apt-repository ppa:ubuntuhandbook1/darktable

sudo apt update && sudo apt install darktable

ဆိုတဲ့ command တွေ ဖြစ် ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး ထည့်သွင်း ပေးသွားမှာဖြစ်ပါတယ်။ အသုံး မပြုလိုတော့ဘူးဆိုရင်

sudo apt remove –auto-remove darktable

ဆိုတဲ့ command နဲ့ ပြန် လည်ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««