Ubuntu OS မှာ Audio Recorder ကို ထည့်သွင်းခြင်း

Ubuntu OS မှာ Audio recorder ထည့်သွင်းချင်သူတွေအနေနဲ့ အလွယ်တကူ ထည့်သွင်းနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ Audio recorder ကို ထည့်သွင်းဖို့အတွက် အောက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေအတိုင်း လုပ်ဆောင်ပြီး ထည့်သွင်းနိုင်ပါတယ်။

Ubuntu OS မှာ Audio recorder ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

Audio recorder ကို Ubuntu မှာထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေ ကတော့ –

sudo add-apt-repository ppa:audio-recorder/ppa

sudo apt install audio-recorder

ဆိုတဲ့ command တွေဖြစ်ပါတယ်။ တကယ်လို့ အသုံးမပြု လိုတော့ဘူးဆိုရင် sudo apt remove audio-recorder ဆိုတဲ့ command နဲ့ ပြန်လည် ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

-သီဟ