Ubuntu OS မှာ Musescore ကို ထည့်သွင်းခြင်း

[ Zawgyi ]





-သီဟ

[ Unicode ]

Musescroe ဆိုတာကတော့ ဂီတသင်္ကေတတွေကို ထည့်သွင်း ရေးဆွဲနိုင်မယ့် ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။ Musescore မှာ ဂီတနဲ့ ပတ်သက်တဲ့ သင်္ကေတတွေကို ထည့်သွင်းရေးဆွဲနိုင်ဖို့အတွက် tool ပေါင်းများစွာကို ထည့်သွင်းပေးထားပါတယ်။

Ubuntu OS မှာ Musescore ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရ မှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေး ရပါမယ်။

Musescore ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် https://musescore.org/en/download ဆိုတဲ့ ဝက်ဘ်ဆိုက်
မှာသွားရောက် download လုပ်ယူပြီး ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ ဒါမှမဟုတ် Ubuntu Software center ကနေ ရှာဖွေပြီး download လုပ်ကာ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။