[ Zawgyi ]
sudo apt-get update
-သီဟ
============
[ Unicode ]
Ubuntu OS မှာ Blender ကို ထည့်သွင်းခြင်း
============
Blender ဆိုတဲ့ ဆော့ဖ်ဝဲကတော့ Ubuntu OS မှာ ani-mation တွေကို ရေးဆွဲနိုင်မယ့် ဆော့ဖ်ဝဲတစ်ခုပဲ ဖြစ်ပါတယ်။ VR နဲ့
2D တွေကို ရေးဆွဲနိုင်ဖို့အတွက် စီစဉ်ပေးထားတဲ့ ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်ပါတယ်။
Ubuntu OS မှာ Blender ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ် ဖို့အတွက် Ubuntu ရဲ့ Terminalကို Ctrl + Alt + T ကို အသုံးပြုပြီးဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။
Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgradeနဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။
Blender ကို Ubuntu မှာ ထည့်သွင်းအသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေ ကတော့ –
sudo add-apt-repository ppa:thomas-schiex/blender
sudo apt-get update
sudo apt-get install blender
ဆိုတဲ့ command တွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အဆိုပါ command ကို အသုံး ပြုပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ပြီး တစ်ခါတည်းထည့်သွင်း ပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ အဆင့်တွေ ပြီးသွားရင် Ubuntu OS မှာ blender ကို ထည့်သွင်းပြီးပြီဖြစ်ပါတယ်။
အသုံးမပြုလိုတော့ဘူးဆိုရင် sudo apt-get remove blender ဆိုတဲ့ command နဲ့ ပြန်လည် ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။
-သီဟ