Ubuntu OS တွင် Vivaldi 3.3 ကိုထည့်သွင်းခြင်း

အသစ်ဖြန့်ချိလိုက်တဲ့ Vivaldi version 3.3 မှာ Break mode ပါဝင်လာပါတယ်။ Break mode ဟာ HTML 5 Video နဲ့ audio တွေကို tab တွေမှာ ခေတ္တရပ်ထားပြီး အခြား content တစ်ခုကို အသုံးမပြုတဲ့အခါမှာ ပြန်လည်အလုပ်ဆောင်နိုင်မယ့် လုပ်ဆောင်ချက်ဖြစ်ပါတယ်။ Break mode ကို အသုံးပြုဖို့အတွက် CTRL + “.” ဆိုတဲ့ shortcut ကို အသုံးပြုနိုင်ပါတယ်။

Ubuntu OS မှာ Vivaldi 3.3 ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

Vivaldi 3.3 ကို Ubuntu မှာထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

wget -qO- https://repo.vivaldi.com/archive/linux_signing_key.pub | sudo apt-key add –

sudo add-apt-repository ‘deb https://repo.vivaldi.com/archive/deb/ stable main’

sudo apt update && sudo apt install vivaldi-stable

ဆိုတဲ့ command တွေ ဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး ထည့်သွင်း ပေးသွားမှာဖြစ်ပါတယ်။

-သီဟ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««