Ubuntu OS တွင် Mesa 19.2.1 ကို ထည့်သွင်းခြင်း

Mesa ဆိုတာကတော့ Linux မှာ အသုံးပြုနိုင်ဖို့အတွက် graphic driver တွေကို စုစည်းထားတဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ Mesa မှာ Intel, AMD, NVIDIA တို့ရဲ့ driver တွေပါဝင်ပါတယ်။
Ubuntu OS မှာ Mesa 19.2.1 ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆို ရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။ Mesa ကို Ubuntu မှာ ထည့်သွင်းအသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေ ကတော့ –

sudo add-apt-repository ppa:ubuntu-x-swat/updates

sudo apt-get dist-upgrade ဆိုတဲ့ command တွေဖြစ်ပြီး ပြီးသွားရင် glxinfo | grep “OpenGL version” ဆိုတဲ့ command နဲ့ version စစ်နိုင်ပါတယ်။

အထက်က ဖော်ပြထားတဲ့ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူမှာဖြစ်လို့ အချိန် ခဏစောင့်ဆိုင်းပေး ရပါမယ်။

-သီဟ