Ubuntu OS တွင် LMMS 1.2.2 ကိုထည့်သွင်းခြင်း

LMMS ဆိုတာကတော့အ သံတွေကို ပြင်ဆင်ပေးနိုင်မယ့် ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။လွန် ခဲ့တဲ့ရက်အနည်းငယ်က ဖြန့်ချိခဲ့ တဲ့ အဆိုပါဆော့ဖ်ဝဲကိုUbuntu 20.04 မှာထည့်သွင်းဖို့အတွက် ဖော်ပြပါ နည်းလမ်းအတိုင်းထည့် သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Ubuntu OS မှာ LMMS ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြု လုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ပြီးပြီ ဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင် တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရ ပါမယ်။

LMMS ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo add-apt-repository ppa:ubuntuhandbook1/lmms

sudo apt update

sudo apt install lmms

ဆိုတဲ့ command တွေ ဖြစ်ပါတယ်။ အဆိုပါ command ကို အသုံးပြုပြီးရင် သက်ဆိုင်ရာ package တွေကိုထည့်သွင်းမှာ ဖြစ်တဲ့အတွက် ခေတ္တစောင့်ဆိုင်း ပေးရပါမယ်။ Package တွေ ကို download လုပ်ယူပြီးပြီ ဆိုရင် တစ်ခါတည်း ထည့်သွင်း ပေးသွားပါလိမ့်မယ်။

-သီဟ