Ubuntu OS တွင် FFmpeg 4.3 ကိုထည့်သွင်းခြင်း

FFmpeg ဆိုတာကတော့ video file နဲ့ audio file တွေကို convert လုပ်ဆောင်ခြင်း streaming လုပ်ခြင်းအစရှိတာတွေမှာ အသုံးပြုနိုင်မယ့် ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။ FFmpeg ကို Ubuntu OS မှာ ထည့်သွင်း အသုံးပြုလိုသူတွေအနေနဲ့ ဖော်ပြ0ပါ နည်လးမ်းအတိုင်း လုပ်ဆောင်နိုင်ပါတယ်။

Ubuntu OS မှာ FFmpeg 4.3 ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံ လုပ်ပေးရပါမယ်။

FFmpeg ကို Ubuntu မှာထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo add-apt-repository ppa:jonathonf/ffmpeg-4
sudo apt update
sudo apt install ffmpeg

ဆိုတဲ့ command ကို ထည့် သွင်းပေးရမှာဖြစ်ပါတယ်။ ဖော်ပြပါ အဆင့်ကိုလုပ်ဆောင်ပြီးရင် သက်ဆိုင်ရာ package တွေကို ထည့်သွင်းမှာဖြစ်တဲ့အတွက် ခေတ္တစောင့်ဆိုင်းပေးရပါမယ်။ Package တွေကို download လုပ်ယူပြီးပြီဆိုရင် တစ်ခါတည်း ထည့်သွင်းပေးသွားပါလိမ့်မယ်။

-သီဟ