Ubuntu OS တွင် Drawpile ထည့်သွင်းခြင်း

Drawpile ဆိုတာကတော့ ပူးပေါင်းရေးဆွဲနိုင်တဲ့ drawing program တစ်ခုပဲဖြစ်ပါတယ်။ Drawpile ကို Ubuntu OS မှာ ထည့်သွင်း အသုံးပြုချင်တယ်ဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

Ubuntu OS မှာ Drawpile ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရ မှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

Drawpile ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေ ကတော့ –

sudo apt-get install flatpak

flatpak remote-add –if-not-exists flathub https://flathub.org/repo/flathub.flatpakrepo

flatpak install flathubnet.drawpile.drawpile

ဆိုတဲ့ command တွေ ဖြစ်ပါတယ်။ Run ဖို့အတွက် command ကတော့ flatpak update net.drawpile.drawpile ဆိုတဲ့ command ဖြစ်ပြီး အဆိုပါ command ကို terminal မှာ ထည့်သွင်းပြီး run နိုင်မှာဖြစ်ပါတယ်။

-သီဟ