[ Zawgyi ]
sudo apt update
-သီဟ
[ Unicode ]
Parole Media Player ဆိုတာကတော့ Ubuntu OS မှာ ထည့်သွင်းအသုံးပြုနိုင်မယ့် media player ဆော့ဖ်ဝဲတစ်ခု ပဲဖြစ်ပါတယ်။ Parole media player ထည့်သွင်း အသုံးပြုလို သူတွေအနေနဲ့ ဖော်ပြပါနည်းလမ်းအတိုင်း ထည့်သွင်းအသုံးပြု နိုင်မှာဖြစ်ပါတယ်။
Ubuntu OS မှာ Paroled Media Player ကို ထည့်သွင်းဖို့ အတွက် ပထမဆုံး Ubuntu OS System ရဲ့Package တွေကို Update တွေ Upgrade တွေပြုလုပ်ထားသင့်ပါတယ်။ Package
တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။
Update ပြုလုပ်ပြီးပြီဆိုရင် တော့sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။
Parole Media Player ကို ထည့်သွင်းမယ်ဆိုရင် အသုံးပြု ရမယ့် command တွေကတော့ –
sudo add-apt-repository ppa:ubuntuhandbook1/apps
sudo apt update
sudo apt install parole
ဆိ်ုတဲ့ command တွေကို ထည့်သွင်း အသုံးပြုရမှာ ဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး တစ်ခါတည်း ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။