Ubuntu 18.04 Linux နဲ႔ တင္ပုိ႔ေရာင္းခ်သြားမယ့္ Dell XPS 13

[ Zawgyi ]

Linux နဲ႔ပတ္သက္တဲ့ အခက္အခဲတစ္ခုက install ျပဳလုပ္ရခက္ခဲတာျဖစ္ပါတယ္။ ဒါေၾကာင့္ System76 နဲ႔ ZaReason လုိမ်ိဳး ကုမၸဏီေတြက Linux ကုိ အဆင္သင့္အသုံးျပဳႏိုင္တဲ့ PC ဒါမွမဟုတ္ laptop ကို ေရာင္းခ်ေနၾကပါတယ္။ အခုဆိုရင္ Dell ကလည္း Linux ပါဝင္တဲ့ ထုတ္ကုန္တစ္မ်ိဳး ေရာင္းခ်သြားဖို႔ရွိပါတယ္။

Dell ရဲ႕ေနာက္ဆုံးေပၚနဲ႔ အေကာင္းဆုံး laptop ျဖစ္တဲ့ Dell XPS 13 Developer Edition 9370 မွာ Canonical ရဲ႕ Ubuntu Linux 18.04 Long Term Support (LTS) edition ပါဝင္လာၿပီ ျဖစ္ပါတယ္။ ဒါ့အျပင္ Dell ဟာ Ubuntu ဒါမွမဟုတ္ Red Hat Enterprise Linux (RHEL) 7.3 ပါဝင္တဲ့ Precision laptop ေတြနဲ႔ desktop မ်ားစြာကို ထုတ္လုပ္ေနပါတယ္။

အခု Dell XPS 13 ထုတ္ကုန္သစ္ဟာ Dell ရဲ႕ laptop ေတြထဲမွာ အေကာင္းဆုံး တစ္ခုျဖစ္ပါတယ္။ တန္ဖုိးႀကီးထုတ္ကုန္ေတြကို ဝယ္ယူအသုံးျပဳသူေတြအတြက္ အဓိကထုတ္ထားတဲ့ Ubuntu XPS 13 ကို ေမာ္ဒယ္ ၁၃ မ်ိဳးပါဝင္တဲ့ Project Sputnik တစ္စိတ္တစ္ပုိင္းအျဖစ္ software developer ေတြအတြက္ တည္ေဆာက္ထားပါတယ္။

အဲဒီေမာ္ဒယ္ေတြမွာ dual Thunderbolt port ေတြအျပင္ USB 3.1 port, SD card reader, headset jack နဲ႔ 52-watt ဘက္ထရီတုိ႔ ပါဝင္လာပါတယ္။ ေဈးအႀကီးဆုံး developer edition မွာ RAM 16GB, 1TB SDD နဲ႔ ၁၃.၁ လက္မ display နဲ႔ UHD (3,840x 2,160) တို႔ပါဝင္လာပါတယ္။ ဒါ့အျပင္ ပ႐ိုဂရမ္ေတြ run ဖို႔႔ 8th Generation Intel Core i7-8550U ပ႐ိုဆက္ဆာ အသုံးျပဳ ထားပါတယ္။ အဲဒီေမာ္ဒယ္အတြက္ ေဈးႏႈန္းကို မထုတ္ျပန္ေသးေပမယ့္ ေဒၚလာ ၂,၀၀၀ ဝန္းက်င္ေလာက္ က်သင့္ႏိုင္ပါတယ္။

ေဈးႏႈန္းအနည္းငယ္သက္သာတဲ့ Dell XPS 13 Developer Edition ကေတာ့ ေဒၚလာ ၁,၀၅၀ ပဲက်သင့္မွာ ျဖစ္ပါတယ္။ အဲဒီေမာ္ဒယ္မွာ Intel Core i5-8250U ပ႐ိုဆက္ဆာအျပင္ RAM 8GB, 128GB SSD နဲ႔ full HD display တို႔ပါဝင္လာပါတယ္။

Dell XPS 13 Developer Edition 9370 ကုိ အေမရိကန္မွာ စတင္ေရာင္းခ်ေနၿပီ ျဖစ္ပါတယ္။ Dell ရဲ႕ ဝက္ဘ္ဆိုက္မွာေတာ့ edition သစ္ေတြအားလုံး မေဖာ္ျပထားေသးပါဘူး။ အဲဒီ laptop ေတြကို စက္တင္ဘာလမွပဲ ကေနဒါနဲ႔ ဥေရာပမွာ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

စိုးထက္
Ref: ZDNet

[ Unicode ]

Linux နဲ့ပတ်သက်တဲ့ အခက်အခဲတစ်ခုက install ပြုလုပ်ရခက်ခဲတာဖြစ်ပါတယ်။ ဒါကြောင့် System76 နဲ့ ZaReason လိုမျိုး ကုမ္ပဏီတွေက Linux ကို အဆင်သင့်အသုံးပြုနိုင်တဲ့ PC ဒါမှမဟုတ် laptop ကို ရောင်းချနေကြပါတယ်။ အခုဆိုရင် Dell ကလည်း Linux ပါဝင်တဲ့ ထုတ်ကုန်တစ်မျိုး ရောင်းချသွားဖို့ရှိပါတယ်။

Dell ရဲ့နောက်ဆုံးပေါ်နဲ့ အကောင်းဆုံး laptop ဖြစ်တဲ့ Dell XPS 13 Developer Edition 9370 မှာ Canonical ရဲ့ Ubuntu Linux 18.04 Long Term Support (LTS) edition ပါဝင်လာပြီ ဖြစ်ပါတယ်။ ဒါ့အပြင် Dell ဟာ Ubuntu ဒါမှမဟုတ် Red Hat Enterprise Linux (RHEL) 7.3 ပါဝင်တဲ့ Precision laptop တွေနဲ့ desktop များစွာကို ထုတ်လုပ်နေပါတယ်။

အခု Dell XPS 13 ထုတ်ကုန်သစ်ဟာ Dell ရဲ့ laptop တွေထဲမှာ အကောင်းဆုံး တစ်ခုဖြစ်ပါတယ်။ တန်ဖိုးကြီးထုတ်ကုန်တွေကို ဝယ်ယူအသုံးပြုသူတွေအတွက် အဓိကထုတ်ထားတဲ့ Ubuntu XPS 13 ကို မော်ဒယ် ၁၃ မျိုးပါဝင်တဲ့ Project Sputnik တစ်စိတ်တစ်ပိုင်းအဖြစ် software developer တွေအတွက် တည်ဆောက်ထားပါတယ်။

အဲဒီမော်ဒယ်တွေမှာ dual Thunderbolt port တွေအပြင် USB 3.1 port, SD card reader, headset jack နဲ့ 52-watt ဘက်ထရီတို့ ပါဝင်လာပါတယ်။ ဈေးအကြီးဆုံး developer edition မှာ RAM 16GB, 1TB SDD နဲ့ ၁၃.၁ လက်မ display နဲ့ UHD (3,840x 2,160) တို့ပါဝင်လာပါတယ်။ ဒါ့အပြင် ပရိုဂရမ်တွေ run ဖို့့ 8th Generation Intel Core i7-8550U ပရိုဆက်ဆာ အသုံးပြု ထားပါတယ်။ အဲဒီမော်ဒယ်အတွက် ဈေးနှုန်းကို မထုတ်ပြန်သေးပေမယ့် ဒေါ်လာ ၂,၀၀၀ ဝန်းကျင်လောက် ကျသင့်နိုင်ပါတယ်။

ဈေးနှုန်းအနည်းငယ်သက်သာတဲ့ Dell XPS 13 Developer Edition ကတော့ ဒေါ်လာ ၁,၀၅၀ ပဲကျသင့်မှာ ဖြစ်ပါတယ်။ အဲဒီမော်ဒယ်မှာ Intel Core i5-8250U ပရိုဆက်ဆာအပြင် RAM 8GB, 128GB SSD နဲ့ full HD display တို့ပါဝင်လာပါတယ်။

Dell XPS 13 Developer Edition 9370 ကို အမေရိကန်မှာ စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။ Dell ရဲ့ ဝက်ဘ်ဆိုက်မှာတော့ edition သစ်တွေအားလုံး မဖော်ပြထားသေးပါဘူး။ အဲဒီ laptop တွေကို စက်တင်ဘာလမှပဲ ကနေဒါနဲ့ ဥရောပမှာ ရောင်းချသွားမယ်လို့ သိရပါတယ်။

စိုးထက်
Ref: ZDNet