
Ubisoft ဟာ အခြား ဗီဒီယိုဂိမ်းကုမ္ပဏီတွေလိုပဲ COVID-19 ကပ်ရောဂါကြောင့် ဇွန်လအတွင်း E3 ပြပွဲမှာ မပါဝင်တဲ့အတွက် ပွဲမလုပ်နိုင်ခဲ့ပါဘူး။ Ubisoft က တနင်္ဂနွေနေ့က “Ubisoft Forward” အမည်ရ ဒီဂျစ်တယ်ပွဲလုပ်ခဲ့ပါတယ်။ ပွဲမှာ အသစ်ထွက်ရှိမယ့် ဂိမ်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ Assasin’s Creed Valhalla, WatchDogs: Legion, battle royale ဂိမ်းသစ် Hyper Scape, Far Cry 6 တို့ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာ Ubisoft Forward ပွဲတစ်ခု ထပ်မံပြုလုပ်သွားပါမယ်။
လာမယ့်နှစ်ထွက်ရှိမယ့် FAR CRY 6
Ubisoft ဟာ Far Cry 6 ကိုအမြည်းမိတ်ဆက်ပြီးနောက် တရားဝင် မိတ်ဆက်လိုက်ပါတယ်။ Far Cry 6 ဟာ အပူပိုင်းဒေသကျွန်း Yarar မှာဇာတ်လမ်းတည်ထားပြီး အဓိက ဗီလိန်ကတော့ ဂျီယန်ကာလိုအက်ပိုစီတို ဖြစ်ပါတယ်။ ဂျီယန်ကာပိုအက်ပိုစီတိုဟာ လူကြိုက်များတဲ့ Breaking Bad နဲ့ Better Call Saul စီးရီးမှာ ဂတ်ဖရင်းအဖြစ် ပါဝင်ခဲ့ပါတယ်။ အက်ပိုစီတိုဟာ ဗီဒီယိုမှာ ခိုင်မာတဲ့ ဗီလိန်အဖြစ် သရုပ်ဆောင်တဲ့ ပထမဆုံး လူသိများ သရုပ်ဆောင်တစ်ဦး ဖြစ်လာပါတယ်။ Far Cry 6 ကို PlayStation 5, PlayStatiion 4, Xbox Series X, Xbox One, PC နဲ့ Google ရဲ့ Stadia cloud ဂိမ်းဝန်ဆောင်မှုအတွက် ၂၀၂၁ ဖေဖော်ဝါရီ ၁၈ ရက်မှာ ဖြန့်ချိပါမယ်။
နိုဝင်ဘာ ၁၇ ရက်မှာ ထွက်ရှိမယ့် ASSASSIN’S CREED VALHALLA
Ubisoft ဟာ နော်ဝေပုံစံ Assassin’s Creed Valhalla ကို ဧပြီလမှာ ပထမဆုံး ပြသခဲ့ပါတယ်။ ဂိမ်းကတော့ Xbox One, PlayStation 4, PC နဲ့ Google Stadia ဆီ နိုဝင်ဘာလ ၁၇ ရက်မှာ ထွက်ရှိပါမယ်။ ဗိုက်ကင်းပုံစံ ဂိမ်းထွေလာကိုလည်း ကုမ္ပဏီက ဖြန့်ချိထားပါတယ်။
HYPER SCAPE BETA ကိုစတင်ဖြန့်ချိ
Ubisoft ဟာ အသစ်ထွက်ရှိမယ့် battle royale သေနတ်ပစ်ဂိမ်း Hyper Scape ဟာ beta အဆင့်ရောက်ရှိပါပြီ။ Ubisoft က beta အတွက် ထွေလာကို ဝေမျှခဲ့သလို ဇာတ်လမ်းပိုင်း ထွေလာတစ်ခုကိုလည်း ဖြန့်လိုက်ပါတယ်။
အောက်တိုဘာ၂၉ မှာ ထွက်ရှိမယ့် WATCH DOGS LEGION
Ubisoft ဟာ Xbox One, PlayStation 4, PC နဲ့ Google Stadia အတွက် အောက်တိုဘာ ၂၉ မှာ Watch Dogs Legion ကိုဖြန့်ချိပါ့ မယ်။ ဒါ့အပြင် gameplay ဗီဒီယိုတချို့ကိုလည်း ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ ဂိမ်းကို လန်ဒန်မှာ အခြေတည်ထားကာ ထွက်ရှိပြီးသား Watch Dogs ဂိမ်းတွေနဲ့ မတူအောင်လုပ်ထားပါတယ်။ ကစားသူက ဂိမ်းထဲက ဘယ်သူကိုမဆို စုဆောင်းနိုင်ပါတယ်။ Assassin’s Creed Valhalla ဂိမ်းလိုပဲ Watch Dogs ဂိမ်းသစ်ကို ဂိမ်းစက်သစ်ဆီ မကြာမီ ဖြန့်ချိပါမယ်လို့ Ubisoft ကပြောခဲ့ပါတယ်။
စိုးထက်
Ref: TheVerge