TX6S 4 + 64G (8K) Android TV Box

မော်ဒယ်နိမ့်နေတဲ့ TV ကို Android smart TV အဖြစ် ပြောင်းလဲ အသုံးပြုနိုင်ရုံသာမက မိမိအိမ်မှာရှိတဲ့ HDMI port ပါဝင်တဲ့ မည်သည့် TV မျိုးနဲ့မဆို ချိတ်ဆက်ပြီး zoom application နဲ့ အွန်လိုင်းသင်တန်းတက်ခြင်းကိုပါ ပြုုလုပ်နိုင်အောင် ဆောင်ရွက်ပေးမယ့် TX6S 4 + 64G (8K) Android TV Box ဖြစ်ပါတယ်။ Wireless display ချိတ်ပြီး ကိုယ့်ရဲ့လက်ကိုင်ဖုန်းကနေ app ,video ,photo ,game စတာတွေကို TV screen ပေါ်ကနေ ကြည့်ရှုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Allwinner H616 quad-core ARM Cortex A53 CPU နဲ့ graphic ပိုင်းအတွက် Mali G31 ™ MP2 G PU ထောက်ပံ့ပေးထားပါတယ်။ RAM ပိုင်းအတွက်ကိုတော့ 4GB ထောက်ပံ့ပေးထားပါတယ်။ ROM က 64GB ပါဝင်ပြီး Android 10.0 Version Operating System နဲ့ ဖြစ်ပါတယ်။ ချိတ်ဆက်မှု အတွက် Wi-Fi: 802.11a/b/g/n/ac 2.4GHz/5GHz, BT 4.0, HDMI, 3 x USB, Card Reader စတာတွေ ထောက်ပံ့ထားတဲ့အတွက် HDD, Keyboard, Webcam, Mouse စတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ ကောင်းမွန်စွာ ချိတ်ဆက်နိုင်ပါတယ်။ Netflix, Hulu, Flixster, Youtube စတာတွေကိုလည်း ထောက်ပံ့ပေးထားပြီး ဗီဒီယိုဖိုင်အနေနဲ့ up to 8K x 4K at 24 fps အထိ ရရှိနိုင်မှာ ဖြစ်ပါတယ်။

တန်ဖိုးက ၇၅,၀၀၀ ကျပ်ဖြစ်ပါတယ်။ Linn IT & Mobile Mart (နေပြည်တော်) ဖုန်း (၀၆၇) ၂၄၄၈၈၊ ၂၆၈၈၄ Star Mart 9 Mile Show Room (ရန်ကုန်) ဖုန်း ၀၉ ၄၂၂၂၉၄၈၈၄ နဲ့ ၃၄၆၀၃၈၈၈၄ တို့ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««