TWS 19 Digital Player ကြိုးမဲ့နားကြပ်

ခေတ်ဟောင်းရဲ့ MP4 Player နဲ့ခေတ်သစ်ရဲ့ TWS နားကြပ်တို့ပေါင်းစပ်ထားတဲ့ TWS 19 Digital Player ဖြစ်ပါတယ်။ IPX4 ဖြစ်တဲ့အတွက် ရေလုံ ဖုန်လုံ ဖြစ်ပါတယ်။ ဟန်းဆက်သာမက အခြား BT Speaker တွေနဲ့ပါ ချိတ်ဆက်နိုင်ပါတယ်။

ချိတ်ဆက်မှုအတွက် Bluetooth 5.0 Version ကိုထောက်ပံ့ပေးထားပါတယ်။ ဘက်ထရီအနေနဲ့ 700mAh ကို ထောက်ပံ့ ပေးထားတဲ့အတွက် နှစ်နာရီခွဲကြာ အားသွင်းထားရင် သုံးနာရီမှ လေးနာရီအထိ ဆက်တိုက် အသုံးပြုနိုင်ပါတယ်။ Standby အနေနဲ့ နာရီပေါင်း၅၀ ကျော် ထားနိုင်မှာ ဖြစ်ပါတယ်။ လုပ်ဆောင်မှု အားလုံးကိုလည်း Touch နဲ့ ထိတွေ့စေခိုင်းနိုင်မှာပါ။ အားသွင်းဘူးမှာ ၁.၃ လက်မ အရွယ် IPS Display ထောက်ပံ့ပေးထားပြီး Built-in Memory အဖြစ် 8GB အထိ ထောက်ပံ့ပေးထားပါတယ်။ MP3, Photo,Video, Ebook တွေအပြင် Recorder အနေနဲ့ အသံပါသွင်းနိုင်မှာ ဖြစ်ပါတယ်။Pedometer sensor ထောက်ပံ့ပေးထားတဲ့ အတွက် ခြေလှမ်းအရေအတွက်ကိုလည်း တိုင်းတာပေးနိုင်မှာပါ။ Time & Date Feature လည်း ပါ၀င်ပါတယ်။ နားကြပ်ကို ဖုန်းနဲ့ချိတ်ဆက်နိုင်သလို အားသွင်းဘူးကို အခြား Bluetooth Speaker တွေနဲ့ ချိတ်ဆက်ပြီး သီချင်းတွေဖွင့်နိုင်ပါသေးတယ်။ တန်ဖိုးက ၄၉,၀၀၀ ကျပ် ဖြစ်ပါတယ်။ REMAX Myanmar ကနေ တရား၀င် တင်သွင်းတာ ဖြစ်ပြီး မြန်မာပြည်အနှံ့ရှိ တရား၀င် REMAX အရောင်းကောင်တာတိုင်းမှာ ၀ယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ