
Twitter အမှုဆောင်အရာရှိချုပ်နဲ့ ကုမ္ပဏီတွဲဖက်တည်ထောင်သူ ဂျက်ဒိုဆေးရဲ့ account ဟာ သောကြာနေ့က တိုက်ခိုက်ခံခဲ့ရပါတယ်။ တိုက်ခိုက်သူတွေက ဂျက်ဒိုဆေး account ကိုထိန်းချုပ်ပြီး လိင်ပိုင်းဆိုင်ရာခွဲခြားမှုတွေ၊ လူမျိုးရေးခွဲခြားမှုနဲ့ ဂျူးဆန့်ကျင်ရေး မှတ်ချက်တွေအပြင် ဗုံးနဲ့ပတ်သက်တဲ့ ခြိမ်းခြောက်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။
အဲဒီ tweet တွေကို hashtag တွေအများအပြားနဲ့ ပျံ့နှံ့အောင်ပြုလုပ်ဖို့ လှုံ့ဆော်ခဲ့ပါတယ်။ Tweet တွေဟာ မဖျက်ခင်အထိ မိနစ် ၂၀လောက်အထိ ကြာမြင့်ခဲ့ပြီး အခြား Twitter သုံးစွဲသူတွေကိုလည်း mention တွေပြုလုပ်ခဲ့ပါတယ်။
“ဂျက်ရဲ့ account ထိခိုက်မှုရှိခဲ့ပြီး ဘာဖြစ်သွားလဲဆိုတာ စုံစမ်းစစ်ဆေးနေပါတယ်” လို့ Twitter ဆက်သွယ်ရေးအကြီးအကဲ ဘရန်ဒန်ဘောမန်းကပြောခဲ့ပါတယ်။
သောကြောနေ့ ပစိဖိတ်အချိန် ၂နာရီ ၂၂မိနစ်လောက်မှာ ဒိုဆေးရဲ့ account ကိုလုံခြုံအောင် လုပ်နိုင်ပြီလို့ Twitter ရဲ့ ဆက်သွယ်ရေး account ကထုတ်ပြန်ခဲ့ပါတယ်။
The phone number associated with the account was compromised due to a security oversight by the mobile provider. This allowed an unauthorized person to compose and send tweets via text message from the phone number. That issue is now resolved.
— Twitter Comms (@TwitterComms) August 31, 2019
အခုတိုက်ခိုက်မှုက SIM swap တိုက်ခိုက်မှုဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ SIM swap တိုက်ခိုက်မှုဆိုတာ ဟက်ကာတစ်ဦးက SIM ကတ်နဲ့ဆက်စပ်နေတဲ့ နံပါတ်ပြောင်းလဲဖို့ ဆက်သွယ်ရေးကုမ္ပဏီက ဝန်ထမ်းတစ်ဦးကို လာဘ်ထိုးခဲ့တာဖြစ်ပါတယ်။ ဒါမှပဲ တိုက်ခိုက်သူတွေက two-factor authenticatin ကုတ်ကိုကြားက ရယူပြီး account ထဲကို ဝင်နိုင်မှာ ဖြစ်ပါတယ်။
ဂျက်ဒိုဆေး account တိုက်ခိုက်မှုနောက်ကွယ်မှာ Chuckling Squad လို့ခေါ်တဲ့ အဖွဲ့ပါဝင်ပြီး Twitter အခြားတိုက်ခိုက်မှုတွေမှာလည်း နောက်ကွယ်က ကြိုးကိုင်ခဲ့တယ်လို့ သိရပါတယ်။
Twitter အနေနဲ့ မသင့်တော်တဲ့ content, အကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ content အပြင် သတင်းမှားတွေနဲ့ deepfake တွေကို အလျင်အမြန်ဖယ်ရှားဖို့ ဖိအားတွေလည်းရှိနေပါတယ်။
စိုးထက်
Ref: CNET