Twitter ရဲ႕ cross-post tweet မ်ားကုိ Facebook ဖယ္ရွား

[ Zawgyi ]

Facebook ဟာ Twitter ကေန cross-post ေတြအျဖစ္ စတင္ထြက္ေပၚလာတဲ့ status update ေတြကို သုံးစြဲသူေတြရဲ႕ timeline ေတြကေန ဖယ္ရွားခဲ့ပါတယ္။

Facebook သုံးစြဲသူေတြဟာ Facebook နဲ႔ Twitter account ေတြအၾကား ခ်ိတ္ဆက္မႈ ျပဳလုပ္ထားတာ ကာလအတန္ၾကာၿပီ ျဖစ္ပါတယ္။ Twitter ကလည္း tweet ေတြကုိ Facebook timeline ေတြေပၚမွာ အလုိအေလ်ာက္တင္ခြင့္ျပဳထားပါတယ္။ ၿပီးခဲ့တဲ့အပတ္က အဲဒီခ်ိတ္ဆက္မႈအေပၚ မွီခိုေနတဲ့ Facebook သုံးစြဲသူတစ္ဦးက tweet ေတြဟာ timeline ေပၚမွာ ေပ်ာက္သြားတာကို ေတြ႕ရွိခဲ့ပါတယ္။

အခုကိစၥဟာ သုံးစြဲသူေတြရဲ႕ တစ္ကုိယ္ေရအခ်က္အလက္ လုံၿခဳံေရးအေပၚ စိုးရိမ္ေနမႈကို သက္သာေစဖုိ႔ third-party developer ေတြအေပၚ API ကန္႔သတ္ခ်က္ေတြ ျပဳလုပ္တာနဲ႔ ဆက္စပ္ေနဖြယ္ရွိပါတယ္။ ဒီကိစၥကုိ TechCrunch က အရင္ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။ Facebook သုံးစြဲသူ ၈၇ သန္းရဲ႕ အခ်က္အလက္ေတြဟာ ထရမ့္ သမၼတေရြးေကာက္ပြဲလႈံ႕ေဆာ္မႈနဲ႔ ဆက္စပ္ေနတဲ့ ဒီဂ်စ္တယ္အႀကံေပး Cambridge Analytica နဲ႔႔အတူ အခ်က္အလက္ေတြကုိ မေလ်ာ္မကန္နည္းလမ္း အသုံးျပဳၿပီး ေဝမွ်ခဲ့တဲ့ ျပႆနာျဖစ္ပြားအၿပီးမွာ Facebook က ကန္႔သတ္ခ်က္ေတြ ျပဳလုပ္လာပါတယ္။ အဲဒီျပႆနာေၾကာင့္ Facebook ရဲ႕သုံးစြဲသူ အခ်က္အလက္ ကုိင္တြယ္ပုံနဲ႔ ကာကြယ္ပုံေတြကုိ ေမးခြန္းထုတ္လာၾကပါတယ္။

ကန္႔သတ္ခ်က္အသစ္ေတြေၾကာင့္ အလုိအေလ်ာက္ cross-post ျပဳလုပ္မႈေတြ မရွိေတာ့ဘူးဆိုတာကို Facebook သုံးစြဲသူက အခုလအေစာပိုင္းမွာ သိရိွလာၾကပါတယ္။ ဒါေပမဲ့ tweet ေတြေပ်ာက္ဆုံးမႈေၾကာင့္ သုံးစြဲသူအမ်ားအျပား တုန္လႈပ္ခဲ့ၾကပါတယ္။

အခုအေျပာင္းအလဲေၾကာင့္ Facebook ရဲ႕သုံးစြဲသူ ဘီလ်ံေပါင္းမ်ားစြာထဲက အနည္းငယ္အေပၚမွာပဲ ထိခုိက္မႈရိွတယ္လို႔ TechCrunch က ေထာက္ျပခဲ့ပါတယ္။ အဲဒီ feature ကုိ အဓိက သုံးစြဲေနသူေတြက Facebook account တစ္ခုကို ပုံမွန္ ထိန္းသိမ္းသူေတြမဟုတ္ဘဲ လူမႈကြန္ရက္အမ်ားအျပားမွာ message ေတြကို အလြယ္တကူ တင္လုိသူေတြ ျဖစ္ပါတယ္။

စိုးထက္
Ref: CNET

[ Unicode ]

Facebook ဟာ Twitter ကနေ cross-post တွေအဖြစ် စတင်ထွက်ပေါ်လာတဲ့ status update တွေကို သုံးစွဲသူတွေရဲ့ timeline တွေကနေ ဖယ်ရှားခဲ့ပါတယ်။

Facebook သုံးစွဲသူတွေဟာ Facebook နဲ့ Twitter account တွေအကြား ချိတ်ဆက်မှု ပြုလုပ်ထားတာ ကာလအတန်ကြာပြီ ဖြစ်ပါတယ်။ Twitter ကလည်း tweet တွေကို Facebook timeline တွေပေါ်မှာ အလိုအလျောက်တင်ခွင့်ပြုထားပါတယ်။ ပြီးခဲ့တဲ့အပတ်က အဲဒီချိတ်ဆက်မှုအပေါ် မှီခိုနေတဲ့ Facebook သုံးစွဲသူတစ်ဦးက tweet တွေဟာ timeline ပေါ်မှာ ပျောက်သွားတာကို တွေ့ရှိခဲ့ပါတယ်။

အခုကိစ္စဟာ သုံးစွဲသူတွေရဲ့ တစ်ကိုယ်ရေအချက်အလက် လုံခြုံရေးအပေါ် စိုးရိမ်နေမှုကို သက်သာစေဖို့ third-party developer တွေအပေါ် API ကန့်သတ်ချက်တွေ ပြုလုပ်တာနဲ့ ဆက်စပ်နေဖွယ်ရှိပါတယ်။ ဒီကိစ္စကို TechCrunch က အရင်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ Facebook သုံးစွဲသူ ၈၇ သန်းရဲ့ အချက်အလက်တွေဟာ ထရမ့် သမ္မတရွေးကောက်ပွဲလှုံ့ဆော်မှုနဲ့ ဆက်စပ်နေတဲ့ ဒီဂျစ်တယ်အကြံပေး Cambridge Analytica နဲ့့အတူ အချက်အလက်တွေကို မလျော်မကန်နည်းလမ်း အသုံးပြုပြီး ဝေမျှခဲ့တဲ့ ပြဿနာဖြစ်ပွားအပြီးမှာ Facebook က ကန့်သတ်ချက်တွေ ပြုလုပ်လာပါတယ်။ အဲဒီပြဿနာကြောင့် Facebook ရဲ့သုံးစွဲသူ အချက်အလက် ကိုင်တွယ်ပုံနဲ့ ကာကွယ်ပုံတွေကို မေးခွန်းထုတ်လာကြပါတယ်။

ကန့်သတ်ချက်အသစ်တွေကြောင့် အလိုအလျောက် cross-post ပြုလုပ်မှုတွေ မရှိတော့ဘူးဆိုတာကို Facebook သုံးစွဲသူက အခုလအစောပိုင်းမှာ သိရှိလာကြပါတယ်။ ဒါပေမဲ့ tweet တွေပျောက်ဆုံးမှုကြောင့် သုံးစွဲသူအများအပြား တုန်လှုပ်ခဲ့ကြပါတယ်။

အခုအပြောင်းအလဲကြောင့် Facebook ရဲ့သုံးစွဲသူ ဘီလျံပေါင်းများစွာထဲက အနည်းငယ်အပေါ်မှာပဲ ထိခိုက်မှုရှိတယ်လို့ TechCrunch က ထောက်ပြခဲ့ပါတယ်။ အဲဒီ feature ကို အဓိက သုံးစွဲနေသူတွေက Facebook account တစ်ခုကို ပုံမှန် ထိန်းသိမ်းသူတွေမဟုတ်ဘဲ လူမှုကွန်ရက်အများအပြားမှာ message တွေကို အလွယ်တကူ တင်လိုသူတွေ ဖြစ်ပါတယ်။

စိုးထက်
Ref: CNET