
Twitter ဟာ သမ္မတဒေါ်နယ်ထရမ့် အပေါ် ပိတ်ပင်ထားတာကို ဖြေလျှော့လိုက်ပါပြီ။ ဒေါ်နယ်ထရမ့်ရဲ့ နောက်ဆုံး tweet ကတော့ အရင်လများစွာနဲ့ မတူပါဘူး။ ဒေါ်နယ်ထရမ့်ကတော့ ဗီဒီယိုထဲမှာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်တယ်လို့ မပြောပေမယ့်လည်း အလျှော့ပေးတဲ့ မိန့်ခွန်းဆန်ပါတယ်။
” အခုဆိုရင် ကွန်ဂရက်က ရလဒ်ကို အတည်ပြုလိုက်တဲ့အတွက် အစိုးရအသစ်က ဇန်နဝါရီ ၂၀ ရက်မှာ ရာထူးနှင်းအပ်ပွဲ လုပ်ပါမယ်” လို့ ထရမ့်က ပြောပါတယ်။ “ကျွန်တော်ကတော့ အာဏာလွှဲပြောင်းမှု ချောမွေ့၊ စနစ်ကျပြီး အထစ်အငေါ့မရှိအောင် ပြုလုပ်သွားဖို့ အာရုံစိုက်သွားပါမယ်” လို့ ထရမ့်က အိမ်ဖြူတော် လူမှုကွန်ရက်ဒါရိုက်တာ Dan Scavino အကောင့်ကနေ ပြောကြားခဲ့ပါတယ်။
— Donald J. Trump (@realDonaldTrump) January 8, 2021
သမ္မတဒေါ်နယ်ထရမ့်ပိုင်တဲ့ အကောင့်ကတော့ အမေရိကန် Capitol အတွင်း ထောက်ခံသူတွေက ဝင်ရောက်သိမ်းပိုက်အပြီး ဗုဒ္ဓဟူးနေ့မှာ ပိတ်ခံခဲ့ရပါတယ်။ ဒေါ်နယ်ထရမ့်က တချို့ tweet တွေဖျက်ပြီး ၁၂ နာရီကြာမှာ အကောင့်ပြန်ပွင့်မယ်လို့ Twitter ကပြောခဲ့ပါတယ်။ ကြာသပတေးနေ့မနက်မှာတော့ အငြင်းပွားဖွယ် tweet တွေဖယ်ရှားထားတယ်လို့ Twitter ပြောရေးဆိုခွင့်ရှိသူက အတည်ပြုခဲ့ပါတယ်။
-စိုးထက်
Ref: TheVerge
»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««