Twitter ပေါ်က ဓာတ်ပုံ preview ပြဿနာ

Twitter ကတော့ neural ကွန်ရက်ပေါ်က ဓာတ်ပုံ preview တွေမှာ လူမည်းမျက်နှာတွေထက် လူဖြူမျက်နှာတွေ ပိုမိုရွေးချယ်တဲ့ ပြဿနာအပေါ် အဖြေရှာနေပါတယ်။

Twitter သုံးစွဲသူတချို့တော့ ရက်အနည်းငယ်အတွင်း ခုပြဿနာကို တင်ပြခဲ့ပြီး လူမည်းမျက်နှာနဲ့ လူဖြူမျက်နှာပုံတွေကို တင်ပြီး ဥပမာပြသခဲ့ပါတယ်။ Twitter ရဲ့ ဓာတ်ပုံ preview ကတော့ လူဖြူမျက်နှာတွေကို ပိုမိုပြသခဲ့ပါတယ်။
Twitter သုံးစွဲသူတစ်ဦးက Zoom ရဲ့ facial recognition အတွင်း ပြဿနာနဲ့ ပတ်သက်ပြီး post တင်ပြီးတဲ့နောက် အခုစမ်းသပ်မှုမျိုး ထွက်လာတာ ဖြစ်ပါတယ်။ Zoom မှာလည်း အစည်းအဝေးက လူမည်းလုပ်ဖော်ကိုင်ဖက်တွေရဲ့ မျက်နှာကို မပြသထားပါဘူး။ အဲဒီပြဿနာကို Twitter ပေါ်တင်တဲ့အချိန်မှာတော့ လူမည်းမျက်နှာထက် လူဖြူမျက်နှာ အသားပေးတာကို သူတွေ့လိုက်ရပါတယ်။

Twitter ပေါ်က algorithm ကတော့ လူမည်း ကာတွန်းဇာတ်ကောင်တွေကိုလည်း မရွေးချယ်ဘူးဆိုတာ သုံးစွဲသူတွေ ရှာဖွေတွေ့ရှိထားပါတယ်။

-စိုးထက်
Ref: TheVerge

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««