Twitter တိုက်ခိုက်မှုအတွင်း အိမ်ကနေ အလုပ်လုပ်တဲ့ ဝန်ထမ်းတွေ လိမ်လည်ခံခဲ့ရ

ဇူလိုင်လက ဖြစ်ပွားခဲ့တဲ့ Twitter တိုက်ခိုက်ခံရမှုမှာ မသမာသူတွေက ကျော်ကြားတဲ့ account တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။ အခုဆိုရင် Twitter တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်တဲ့ အကြောင်းရင်း ပေါ်ထွက်လာပါတယ်။

အိမ်ကနေ အလုပ်လုပ်တဲ့ Twitter ဝန်ထမ်းတွေက login အသေးစိတ် အချက်အလက်တွေကို ဟက်ကာတွေဆီ ပေးခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အီလွန်မက်စ်၊ Apple နဲ့ ဂျိုးဘိုင်ဒင်လိုမျိုး verify account တွေက Bitcoin ကြော်ငြာတဲ့ post အတုတွေကို ဝေမျှခဲ့ပါတယ်။

အိမ်ကနေ အလုပ်လုပ်တဲ့ Twitter ဝန်ထမ်းတွေက VPN အသုံးပြုပြီး ကုမ္ပဏီကွန်ရက်ထဲ ဝင်ရောက်ခဲ့ပါတယ်။ ဟက်ကာတွေက ဝန်ထမ်းတွေရဲ့ ဖုန်းနံပါတ်ကို ရယူထားပြီး IT ကုမ္ပဏီဌာနအဖြစ် အယောင်ဆောင်ကာ page အတုထဲ VPN login ဝင်ဖို့ ပြောခဲ့ပါတယ်။

ဟက်ကာတွေက VPN ဆိုက်အစစ်ထဲ login အသေးစိတ်နဲ့ ဝင်ခဲ့ပြီး verify သုံးစွဲသူ account ထဲမှာ တင်ချင်ရာတင်ခဲ့ပါတယ်။

ဟက်ကာတွေက ‌account ၁၃၀ ကနေ Bitcoin အသေးစိတ်ကို ဝေမျှခဲ့ပါတယ်။ နာမည်ကျော် verify ပရိုဖိုင် သန်းပေါင်းများစွာ follow လုပ်ထားသူတွေက Bitcoin တန်ကြေး ဒေါ်လာ ၁၁၈,၀၀၀ ရရှိအောင် သုံးစွဲသူတွေဆီက လိမ်လည်ခဲ့ပါတယ်။

အဲဒီ tweet တွေက အမည်မသိ Bitcoin လိပ်စာတွေဆီ ဒေါ်လာ ၁,၀၀၀ အပြင် ဒေါ်လာ ၂,၀၀၀ ပို့ဖို့ ကမ်းလှမ်းခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း phishing တိုက်ခိုက်မှုနဲ့ ဝန်ထမ်းအနည်းငယ် ပစ်မှတ်ထားခံခဲ့ရတယ်လို့ Twitter စီအီးအို ဂျက်ဒိုဆေးကပြောခဲ့ပါတယ်။

-စိုးထက်
Ref;DailyMail

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««