
Twitter ဟာ iOS နဲ့ဝက်ဘ်ဆိုက် သုံးစွဲသူတွေအတွက် conversation ဖော်ပြပုံနည်းလမ်းသစ်တစ်ခုကို စမ်းသပ်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ သုံးစွဲသူတွေက ဆက်သွယ်စကားပြောသူကို အလွယ်တကူမြင်နိုင်ဖို့ စမ်းသပ်နေတာ ဖြစ်ပါတယ်။
Twitter ပေါ်က conversation တွေက တစ်ယောက်ယောက်ကို reply လုပ်ဖို့ ခက်ခဲပြီး ပြောင်းလဲလာတဲ့ ပုံစံက ရှုပ်ထွေးလာပါတယ်။
Twitter အနေနဲ့ conversation မှာ Reddi လိုမျိုး interface ကိုအသုံးပြုသွားပါမယ်။ တရားဝင် Twitter support account က စမ်းသပ်နေတဲ့ interface ကိုရှင်းပြခဲ့ပြီး view တစ်ခုတည်းနဲ့ conversation များစွာ မြင်နိုင်ဖို့ ဒီဇိုင်းထုတ်ထားပါတယ်။
Your conversations are the 💙 of Twitter, so we’re testing ways to make them easier to read and follow.
Some of you on iOS and web will see a new layout for replies with lines and indentations that make it clearer who is talking to whom and to fit more of the convo in one view. pic.twitter.com/sB2y09fG9t
— Twitter Support (@TwitterSupport) May 5, 2020
ဒါ့အပြင် Twitter က Like, Retweet နဲ့ Reply icon တွေကို conversation တွေမှာ ပြန်ကြားနိုင်ဖို့ tap တစ်ချက်နှိပ်ပြီး ဖော်ပေးရအောင် ပြုလုပ်ပေးထားပါတယ်။
Twitter အနေနဲ့ “twttr” ရှေ့ပြေးပုံစံ app မှာ အဲဒီ feature တွေကို စမ်းသပ်နေတာ ၁ နှစ်ရှိပြီဖြစ်ကာ သုံးစွဲသူချို့က စမ်းသပ်သုံးစွဲကြပါတယ်။
စိုးထက်
Ref: MacRumors
Viber မှာလည်း အင်တာနက်ဂျာနယ်က သတင်းတွေကို ဖတ်ရှုနိုင်တယ်နော် . . . ဒီ https://vb.me/internetjournalcommunity လင့်ခ်ကနေ ဝင်လိုက်ရုံပဲ. . .