Twitch နဲ႔ယွဥ္ၿပိဳင္မယ့္ Fb.gg ကို Facebook မိတ္ဆက္

[ Zawgyi ]

Facebook ဟာ လူမႈကြန္ရက္အတြင္း ဗီဒီယိုဂိမ္း streaming အားလုံးကုိ စုစည္းထားတဲ့ Fb.gg ကို စတင္လႊင့္တင္လိုက္ၿပီ ျဖစ္ပါတယ္။

Fb.gg ဟာ သုံးစြဲသူေတြ follow လုပ္ထားၿပီး like လုပ္ထားတဲ့ စာမ်က္ႏွာေတြနဲ႔ အဖြဲ႕ေတြအေပၚမူတည္တဲ့ ဂိမ္းေတြအျပင္ streaming လုပ္ေပးေနတဲ့ ေက်ာ္ၾကားသူေတြအေပၚ အေျခခံၿပီး ဗီဒီယိုကုိ ျပသေပးမွာျဖစ္ပါတယ္။ ဒါ့အျပင္ ဗီဒီယိုဖန္တီးသူေတြ၊ esports ၿပိဳင္ပြဲေတြနဲ႔ ဂိမ္းကြန္ဖရင့္အခမ္းအနားေတြကိုလည္း ေဖာ္ျပေပးမွာ ျဖစ္ပါတယ္။

ဂိမ္း content ေတြကို ျမန္ဆန္လွတဲ့ News Feed ထဲမွာ မေပ်ာက္ဆုံးသြားေအာင္ လုပ္ေဆာင္ထားပါတယ္။ Fb.gg ဟာ ဂိမ္းကိုစိတ္ဝင္စားမႈမရွိတဲ့ Facebook friend ေတြၾကားထဲ ေရာက္ေနတဲ့ သုံးစြဲသူေတြအတြက္ အသုံးဝင္ပါတယ္။ Facebook လုပ္ေဆာင္ခ်က္အေပၚမူတည္ထားတဲ့ ေထာက္ခံခ်က္ေတြက YouTube နဲ႔ Twitch လိုမ်ိဳး ဗီဒီယိုသီးသန္႔ ဝက္ဘ္ဆိုက္ေတြနဲ႔ လူမႈေရးမီဒီယာကုိ အေထာက္အပံ့ေပးသြားမွာ ျဖစ္ပါတယ္။ တကယ္လို႔ ဂိမ္မာ streamer ေတြက Facebook ေပၚမွာ ပရိသတ္အားေပးမႈကုိ တည္ေဆာက္ႏိုင္ရင္ Fb.gg မွာ ဗီဒီယိုကုိ ေဝမွ်သြားမွာ ျဖစ္ပါတယ္။

Facebook အေနနဲ႔ gaming ႐ုပ္သံထုတ္လႊင့္သူေတြအတြက္ ေငြေၾကးရွာေဖြႏိုင္တဲ့ နညး္လမ္းသစ္ကို ဖန္တီးလိုက္ပါတယ္။ Facebook ဟာ လူသိမ်ားလာတဲ့ gaming content ဖန္တီးသူအတြက္ Level Up အစီအစဥ္ကုိ ျပဳလုပ္ထားပါတယ္။

လာမယ့္လအနည္းငယ္အတြင္း အဲဒီအစီအစဥ္ကုိ အသုံးျပဳႏိုင္သူေတြအေနနဲ႔ virtual currency ပုံစံနဲ႔ stream ၾကည့္႐ႈသူဆီက ေငြေၾကးေဘာက္ဆူးေတြကို ရယူႏိုင္မွာ ျဖစ္ပါတယ္။

စိုးထက္
Ref: TechCrunch

[ Unicode ]

Facebook ဟာ လူမှုကွန်ရက်အတွင်း ဗီဒီယိုဂိမ်း streaming အားလုံးကို စုစည်းထားတဲ့ Fb.gg ကို စတင်လွှင့်တင်လိုက်ပြီ ဖြစ်ပါတယ်။

Fb.gg ဟာ သုံးစွဲသူတွေ follow လုပ်ထားပြီး like လုပ်ထားတဲ့ စာမျက်နှာတွေနဲ့ အဖွဲ့တွေအပေါ်မူတည်တဲ့ ဂိမ်းတွေအပြင် streaming လုပ်ပေးနေတဲ့ ကျော်ကြားသူတွေအပေါ် အခြေခံပြီး ဗီဒီယိုကို ပြသပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ဗီဒီယိုဖန်တီးသူတွေ၊ esports ပြိုင်ပွဲတွေနဲ့ ဂိမ်းကွန်ဖရင့်အခမ်းအနားတွေကိုလည်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ဂိမ်း content တွေကို မြန်ဆန်လှတဲ့ News Feed ထဲမှာ မပျောက်ဆုံးသွားအောင် လုပ်ဆောင်ထားပါတယ်။ Fb.gg ဟာ ဂိမ်းကိုစိတ်ဝင်စားမှုမရှိတဲ့ Facebook friend တွေကြားထဲ ရောက်နေတဲ့ သုံးစွဲသူတွေအတွက် အသုံးဝင်ပါတယ်။ Facebook လုပ်ဆောင်ချက်အပေါ်မူတည်ထားတဲ့ ထောက်ခံချက်တွေက YouTube နဲ့ Twitch လိုမျိုး ဗီဒီယိုသီးသန့် ဝက်ဘ်ဆိုက်တွေနဲ့ လူမှုရေးမီဒီယာကို အထောက်အပံ့ပေးသွားမှာ ဖြစ်ပါတယ်။ တကယ်လို့ ဂိမ်မာ streamer တွေက Facebook ပေါ်မှာ ပရိသတ်အားပေးမှုကို တည်ဆောက်နိုင်ရင် Fb.gg မှာ ဗီဒီယိုကို ဝေမျှသွားမှာ ဖြစ်ပါတယ်။

Facebook အနေနဲ့ gaming ရုပ်သံထုတ်လွှင့်သူတွေအတွက် ငွေကြေးရှာဖွေနိုင်တဲ့ နညး်လမ်းသစ်ကို ဖန်တီးလိုက်ပါတယ်။ Facebook ဟာ လူသိများလာတဲ့ gaming content ဖန်တီးသူအတွက် Level Up အစီအစဉ်ကို ပြုလုပ်ထားပါတယ်။

လာမယ့်လအနည်းငယ်အတွင်း အဲဒီအစီအစဉ်ကို အသုံးပြုနိုင်သူတွေအနေနဲ့ virtual currency ပုံစံနဲ့ stream ကြည့်ရှုသူဆီက ငွေကြေးဘောက်ဆူးတွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။

စိုးထက်
Ref: TechCrunch