Twitch နဲ့ YouTube တို့နဲ့ယှဉ်ပြိုင်မယ့် gaming app ထုတ်လုပ်ဖို့ Facebook စီစဉ်

Facebook ဟာ Twitch နဲ့ YouTube ရဲ့ဂိမ်းထုတ်လွှင့်မှု ဈေးကွက်ကို လွှမ်းမိုးထားမှုကို စိန်ခေါ်မယ့် gaming app ကိုဖြန့်ချိဖို့ရှိပါတယ်။ Facebook Gaming app ကို အွန်လိုင်းမှာ ဂိမ်းစိတ်ဝင်စားသူတွေက အခမဲ့အသုံးပြုနိုင်ပြီး casual ဂိမ်းတွေနဲ့ ဂိမ်းကို စိတ်ဝင်စားသူတွေ အသုံးပြုနိုင်မယ်လို့ New York Times ကဖော်ပြခဲ့ပါတယ်။

အဲဒီ app ကို ဇွန်လမှာ ဖြန့်ချိဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိမ်မှာနေထိုင်ရတဲ့လူတွေ များပြားလာတာကြောင့် app ဖြန့်ချိမယ့် ရက်ကို နောက်ဆုတ်လိုက်ပါတယ်။ အင်တာနက်မှာ ဂိမ်မာထိပ်သီးတွေက ဂိမ်းအမျိုးမျိုး ယှဉ်ပြိုင်ကစားနေကြပြီး esports ရေပန်းစားလာတာကြောင့် Facebook က gaming app ထုတ်လုပ်ဖို့ ပြင်ဆင်လာပါတယ်။

ပြီးခဲ့တဲ့နှစ်က Esports တန်ကြေးက ၁ ဘီလျံကျော်လာပြီး ကိန်းဂဏန်းက ဆက်လက်တိုးတက်နေပါတယ်။

စိုးထက်
Ref: CNET