Tweet က reply ကိုဖျောက်နိုင်တဲ့ feature ကို Twitter ဖြန့်ချိ

Twitter ဟာ အမေရိကန်နဲ့ ဂျပန်မှာ tweet တွေက လိုက်လျောညီထွေမှု မရှိတဲ့ မှတ်ချက်တွေကို ဖျက်နိုင်မယ့် feature ကိုဖြန့်ချိပေးလိုက်ပါတယ်။

အခု feature ဟာ Twitter ပေါ်မှာ အပြုသဘောဆောင်တဲ့ စကားပြောဆိုမှုတွေ ဖြစ်ထွန်းလာအောင် ကူညီပေးမယ့် စမ်းသပ်မှုတစ်ခု ဖြစ်ပါတယ်။ သုံးစွဲသူက tweet ကမှတ်ချက်တွေကို ဖျက်နိုင်ဖို့ ညာဘက်ထောင့်က မီးခိုးရောင်မြှားကိုနှိပ်ပြီး “Hide reply” ဆိုတာကို ရွေးချယ်ပေးရပါမယ်။ သုံးစွဲသူတွေအနေနဲ့ ဖုံးကွယ်ထားတဲ့ reply ရှိကြောင်း ဖော်ပြထားတဲ့ tweet တစ်ခု ညာဘက်အောက်ဘက်က icon နဲ့ reply ကို unhide ပြန်လုပ်နိုင်ပါတယ်။

“အခုစမ်းသပ်မှုနဲ့ လူတစ်ယောက်က စကားပြောဆိုမှုစတင်လိုက်ရင် replay တွေ hide လုပ်လိုက်ရင် Twitter ပေါ်က စကားပြောဆိုမှု အပြောင်းအလဲကို ကျွန်တော်တို့ နားလည်လိုတာပါ” လို့ Twitter က blog post မှာရေးသားခဲ့ပါတယ်။

Twitter အနေနဲ့ platform ပေါ်မှာစော်ကားနှိမ်ချမှုတွေကို တိုက်ဖျက်ဖို့ ဖိအားတွေရှိနေပါတယ်။ Twitter ဟာ နိုင်ငံရေးသမားတွေနဲ့ အမျိုးသမီးဂျာနယ်လစ်တွေအတွက် အဆိပ်အတောက်ဖြစ်စေတဲ့ နေရာဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်နဲ့ Element AI စစ်တမ်းအရ သိရပါတယ်။ တစ်ချိန်တည်းမှာ Twitter အမှုဆောင်အရာရှိချုပ်နဲ့ ကုမ္ပဏီတွဲဖက်တည်ထောင်သူ ဂျက်ဒိုဆေးက သုံးစွဲသူက နှစ်သက်တဲ့ account ကို follow လုပ်နိုင်တဲ့အတွက် ဝက်ဘ်ဆိုက်အနေနဲ့ အကြောင်းအရာတွေကို filter လုပ်နိုင်ပြီး လူတွေရဲ့ နိုင်ငံရေးအမြင်တွေကို အားဖြည့်ပေးနိုင်ပါတယ်။

Twitter အနေနဲ့ ကနေဒါမှာ reply ကို hide လုပ်တဲ့ feature တစ်မျိုးကို စမ်းသပ်နေပြီး အလားအလာရှိတဲ့ ရလဒ်တွေရရှိနေတယ်လို့ ကုမ္ပဏီပြောခဲ့ပါတယ်။

စိုးထက်
Ref: CNET