TVET သက္ေမြးပညာေရးကို First Class Education ျဖစ္ေအာင္ ေဆာင္ရြက္လ်က္ရွိ

[ Zawgyi ]


TVET သက္ေမြးပညာေရးကို First Class Education ျဖစ္ေအာင္ေဆာင္ရြက္ဖို႔ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ က လမ္းၫႊန္ထားေၾကာင္းကို ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက နည္းပညာ၊ သက္ေမြးပညာႏွင့္ ေလ့က်င့္ေရးဦးစီးဌာန လုပ္ငန္းညွိႏႈိင္း အစည္းအေဝးမွာ ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

အမ်ိဳးသားပညာေရး မဟာဗ်ဴဟာစီမံကိန္း (၂၀၁၆-၂၀၂၁) မွာ ခ်မွတ္ထားတဲ့ နည္းပညာ၊ သက္ေမြးပညာႏွင့္
ေလ့က်င့္ေရးဆိုင္ရာ အေျပာင္းအလဲကို ပိုမိုေကာင္းမြန္ေအာင္ ေဆာင္ရြက္လ်က္ရွိတယ္လို႔ သိရပါတယ္။

၂၀၁၇-၂၀၁၈ ပညာသင္ႏွစ္မွာ နည္းပညာ၊ သက္ေမြးပညာနွင့္ ေလ့က်င့္ေရးဦးစီးဌာနတြင္ စုစုေပါင္း သက္ေမြး ပညာေရးႏွင့္ ေလ့က်င့္ေရးေက်ာင္း ၆၃ ေက်ာင္းရွိေၾကာင္း၊ နည္းပညာ၊ သက္ေမြးပညာရပ္နယ္ပယ္မ်ားကိုကြ်မ္း က်င္စြာ တတ္ေျမာက္သည့္ ထူးခြ်န္ထက္ျမက္သူမ်ား ေပၚထြန္းလာေအာင္ ေမြးထုတ္ေပးရမွာ ျဖစ္ေၾကာင္း၊ ျပဳစု ပ်ိဳးေထာင္ေလ့က်င့္ေပးေနတဲ့ ဆရာ၊ ဆရာမမ်ားရဲ႕ စီမံခန္႔ခြဲမႈႏွင့္ သင္ၾကား သင္ယူေလ့က်င့္ေရးအရည္အေသြး မ်ား ပိုမိုထက္ျမက္ေကာင္းမြန္ေအာင္ ေဆာင္ရြက္ရမွာျဖစ္ၿပီး First Class TVET Education ျဖစ္ေအာင္ ေဆာင္ ရြက္ၾကရမွာ ျဖစ္ေၾကာင္းကို ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက ေျပာၾကားခဲ့ပါတယ္။

ယခုအခါတြင္ နည္းပညာ၊ သက္ေမြးပညာေရးနွင့္ ေလ့က်င့္ေရးက႑ ဖြံ႔ၿဖိဳးတိုးတက္ေရးအတြက္ နိုင္ငံတကာ အဖြဲ႕အစည္းမ်ားနဲ႔ ပူးေပါင္းေဆာင္ရြက္လ်က္ရွိၿပီး မိတ္ဖက္အဖြဲ႕အစည္း ျဖစ္တဲ့ GIZ နွင့္ ပူးေပါင္းၿပီးလည္း အစိုးရနည္းပညာအထက္တန္းေက်ာင္းမ်ားမွာ ေက်ာင္းအုပ္ႀကီးေတြအတြက္ General School Management Training သင္တန္းမ်ားကိုလည္း ဖြင့္လွစ္ပို႕ခ်ေပးလ်က္ရွိတယ္လို႔ သိရပါတယ္။

-ေဝေဝ

==========

[ Unicode ]

TVET သက်မွေးပညာရေးကို First Class Education ဖြစ်အောင် ဆောင်ရွက်လျက်ရှိ

==========

TVET သက်မွေးပညာရေးကို First Class Education ဖြစ်အောင်ဆောင်ရွက်ဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က လမ်းညွှန်ထားကြောင်းကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) မှာ ချမှတ်ထားတဲ့ နည်းပညာ၊ သက်မွေးပညာနှင့်
လေ့ကျင့်ရေးဆိုင်ရာ အပြောင်းအလဲကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှာ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနတွင် စုစုပေါင်း သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးကျောင်း ၆၃ ကျောင်းရှိကြောင်း၊ နည်းပညာ၊ သက်မွေးပညာရပ်နယ်ပယ်များကိုကျွမ်း ကျင်စွာ တတ်မြောက်သည့် ထူးချွန်ထက်မြက်သူများ ပေါ်ထွန်းလာအောင် မွေးထုတ်ပေးရမှာ ဖြစ်ကြောင်း၊ ပြုစု ပျိုးထောင်လေ့ကျင့်ပေးနေတဲ့ ဆရာ၊ ဆရာမများရဲ့ စီမံခန့်ခွဲမှုနှင့် သင်ကြား သင်ယူလေ့ကျင့်ရေးအရည်အသွေး များ ပိုမိုထက်မြက်ကောင်းမွန်အောင် ဆောင်ရွက်ရမှာဖြစ်ပြီး First Class TVET Education ဖြစ်အောင် ဆောင် ရွက်ကြရမှာ ဖြစ်ကြောင်းကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ပါတယ်။

ယခုအခါတွင် နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မိတ်ဖက်အဖွဲ့အစည်း ဖြစ်တဲ့ GIZ နှင့် ပူးပေါင်းပြီးလည်း အစိုးရနည်းပညာအထက်တန်းကျောင်းများမှာ ကျောင်းအုပ်ကြီးတွေအတွက် General School Management Training သင်တန်းများကိုလည်း ဖွင့်လှစ်ပို့ချပေးလျက်ရှိတယ်လို့ သိရပါတယ်။

-ဝေဝေ