TV-Lite ကို Ubuntu OS တွင်ထည့်သွင်းခြင်း

TV-Lite ဆိုတာကတော့ Ubuntu OS မှာ အသုံးပြုနိုင်သော Streaming TV ကြည့်ရှုနိုင်မယ့် Open-Source ဆော့ဖ်ဝဲလ် တစ်ခုဖြစ်ပါတယ်။ IPTV တွေကို ကြည့်ရှုနိုင်မယ့် IPTV Player တစ်ခုလည်းဖြစ်ပါတယ်။ TV-Lite ကို ထည့်သွင်းအသုံးပြုလို တယ်ဆိုရင် ဖော်ပြပါနည်းလမ်းအတိုင်း ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

Ubuntu OS မှာ TV-Lite ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကိုအရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံ လုပ်ပေးရပါမယ်။

TV-Lite ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo add-apt-repository ppa:tv-lite/ppa-git

sudo apt install sp-auth tv-lite

စတဲ့ command တွေဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး ထည့်သွင်း ပေးသွားမှာဖြစ်ပါတယ်။ Install လုပ်ပြီးသွားရင် TV-Lite ကိုဖွင့်ပြီး Menu > Manage Subscriptions မှာ https://is.gd/freeiptvall ဆိုတာကို ထည့်သွင်းပေးပါ။ ဒါမှမဟုတ် အခြား IPTV လိပ်စာတွေကို ထည့်သွင်းပြီး သုံးစွဲနိုင်ပါတယ်။

တစ်ကယ်လို့ အသုံးမပြုလို တော့ဘူးဆိုရင်

sudo apt remove sp-auth tv-lite

sudo add-apt-repository –remove ppa:tv-lite/ppa-git

ဆိုတဲ့ command နဲ့ ပြန်လည် ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။

-သီဟ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««