Tumblr ကုိ WordPress ပုိင္ရွင္ဝယ္ယူမယ္

[ Zawgyi ]

Verizon ဟာ Tumblr ကုိ မေဖာ္ျပတဲ့ ေဈးႏႈန္းနဲ႔ WordPress ပိုင္ရွင္ Automattic Inc ဆီေရာင္းခ်ဖို႔ သေဘာတူညီလိုက္ၿပီလို႔ The Wall Street Journal ကေဖာ္ျပခဲ့ပါတယ္။

Verizon ဟာ Yahoo ကိုဝယ္ယူၿပီးေနာက္ ၂၀၁၇ ခုႏွစ္အတြင္း Tumblr ကုိ စတင္ဝယ္ယူခဲ့ပါတယ္။ Verizon ဟာ Tumblr ကုိေရာင္းခ်ဖို႔ ဒီႏွစ္အေစာပုိင္းကတည္းက စီစဥ္ေနတာ ျဖစ္ပါတယ္။ Automattic အေနနဲ႔ Tumblr ကုိ ေဒၚလာ ၃ သန္းထက္ မပုိုဘဲ ဝယ္ယူမယ္လို႔ Axios ကေဖာ္ျပခဲ့ပါတယ္။ ၂၀၁၃ ခုႏွစ္တုန္းက Yahoo အတြက္ ေပးခဲ့ရတဲ့ ေဒၚလာ ၁.၁ ဘီလ်ံကေန တန္ဖိုးက်ဆင္းသြားတာ ျဖစ္ပါတယ္။

“Tumblr ဟာ ေရြ႕လ်ားမႈရွိတဲ့ နာခိုးရာအမွတ္တံဆိပ္တစ္ခု ျဖစ္ၿပီး စစ္မွန္တဲ့ ကိုယ္ပုိင္အမွတ္အသားေတြ ဖူးပြင့္ကာ ဖန္တီးမႈရွိတဲ့ လူအဖြဲ႕အစည္းေတြနဲ႔ လႈပ္ရွားမႈျပဳလုပ္သူေတြရဲ႕ ေနအိမ္ျဖစ္လာမွာပါ။ ကၽြန္ေတာ္တို႔အေနနဲ႔ အဖြဲ႕က ေအာင္ျမင္မႈရရွိခဲ့တာအတြက္ ဂုဏ္ယူၿပီး Automattic ထဲမွာ ၿပီးျပည့္စုံတဲ့ စီးပြားဖက္ေတြ႕ရတာ ဝမ္းသာပါတယ္။ Automattic ဟာ Tumblr သုံးစြဲသူေတြအတြက္ စိတ္လႈပ္ရွားစရာေကာင္းတဲ့ ျဖစ္ႏိုင္ေခ်သစ္ေတြကုိ ဖြင့္ေပးတဲ့ေနရာမ်ာ ကၽြမ္းက်င္တဲ့ မွတ္တမ္းရွိပါတယ္” လို႔ Verizon Media အမႈေဆာင္အရာရွိခ်ဳပ္ ဂု႐ုဂိုရာပန္က ထုတ္ျပန္ခ်က္မွာ ေျပာခဲ့ပါတယ္။

Tumblr ဟာ ဘေလာ့ေရးတာနဲ႔ လူမႈေရးမီဒီယာ အဝန္းအဝိုင္းမွာ ၾသဇာရွိတဲ့ အင္အားစုျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ Yahoo ေအာက္နဲ႔ Verizon ရဲ႕ပုိင္ဆိုင္မႈေၾကာင့္ ဂုဏ္သတင္းညိဳးမွိန္ လာပါတယ္။ အဲဒီအခ်ိန္မွာ Instagram, Snapchat နဲ႔ YouTube ကလည္း အားေကာင္းလာၿပီး ယဥ္ေက်းမႈအစိတ္အပုိင္းတစ္ရပ္ ျဖစ္လာပါတယ္။ ဒါေပမဲ့ Tumblr ကုိ ဆက္လက္အသုံးျပဳ ေနၾကတဲ့ ပရိသတ္အခိုင္အမာ ရွိပါေသးတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

Verizon ဟာ Tumblr ကို မဖော်ပြတဲ့ ဈေးနှုန်းနဲ့ WordPress ပိုင်ရှင် Automattic Inc ဆီရောင်းချဖို့ သဘောတူညီလိုက်ပြီလို့ The Wall Street Journal ကဖော်ပြခဲ့ပါတယ်။

Verizon ဟာ Yahoo ကိုဝယ်ယူပြီးနောက် ၂၀၁၇ ခုနှစ်အတွင်း Tumblr ကို စတင်ဝယ်ယူခဲ့ပါတယ်။ Verizon ဟာ Tumblr ကိုရောင်းချဖို့ ဒီနှစ်အစောပိုင်းကတည်းက စီစဉ်နေတာ ဖြစ်ပါတယ်။ Automattic အနေနဲ့ Tumblr ကို ဒေါ်လာ ၃ သန်းထက် မပိုုဘဲ ဝယ်ယူမယ်လို့ Axios ကဖော်ပြခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်တုန်းက Yahoo အတွက် ပေးခဲ့ရတဲ့ ဒေါ်လာ ၁.၁ ဘီလျံကနေ တန်ဖိုးကျဆင်းသွားတာ ဖြစ်ပါတယ်။

“Tumblr ဟာ ရွေ့လျားမှုရှိတဲ့ နာခိုးရာအမှတ်တံဆိပ်တစ်ခု ဖြစ်ပြီး စစ်မှန်တဲ့ ကိုယ်ပိုင်အမှတ်အသားတွေ ဖူးပွင့်ကာ ဖန်တီးမှုရှိတဲ့ လူအဖွဲ့အစည်းတွေနဲ့ လှုပ်ရှားမှုပြုလုပ်သူတွေရဲ့ နေအိမ်ဖြစ်လာမှာပါ။ ကျွန်တော်တို့အနေနဲ့ အဖွဲ့က အောင်မြင်မှုရရှိခဲ့တာအတွက် ဂုဏ်ယူပြီး Automattic ထဲမှာ ပြီးပြည့်စုံတဲ့ စီးပွားဖက်တွေ့ရတာ ဝမ်းသာပါတယ်။ Automattic ဟာ Tumblr သုံးစွဲသူတွေအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ ဖြစ်နိုင်ချေသစ်တွေကို ဖွင့်ပေးတဲ့နေရာမျာ ကျွမ်းကျင်တဲ့ မှတ်တမ်းရှိပါတယ်” လို့ Verizon Media အမှုဆောင်အရာရှိချုပ် ဂုရုဂိုရာပန်က ထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။

Tumblr ဟာ ဘလော့ရေးတာနဲ့ လူမှုရေးမီဒီယာ အဝန်းအဝိုင်းမှာ သြဇာရှိတဲ့ အင်အားစုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ Yahoo အောက်နဲ့ Verizon ရဲ့ပိုင်ဆိုင်မှုကြောင့် ဂုဏ်သတင်းညိုးမှိန် လာပါတယ်။ အဲဒီအချိန်မှာ Instagram, Snapchat နဲ့ YouTube ကလည်း အားကောင်းလာပြီး ယဉ်ကျေးမှုအစိတ်အပိုင်းတစ်ရပ် ဖြစ်လာပါတယ်။ ဒါပေမဲ့ Tumblr ကို ဆက်လက်အသုံးပြု နေကြတဲ့ ပရိသတ်အခိုင်အမာ ရှိပါသေးတယ်။

Ref: TheVerge