TrueMoney Myanmar မှ Managing Director အသစ် ခန့်အပ်

မိုဘိုင်းငွေကြေးဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်တဲ့ TrueMoney Myanmar မှ ဒေါ်ကြည်သာရိုမန်နက်အား TrueMoney Myanmar ရဲ့ Managing Director အဖြစ် ခန့်အပ်လိုက်ပါတယ်။

“ကျွန်မအနေနဲ့ မြန်မာနိုင်ငံမှာ ဒီဂျစ်တယ် မိုဘိုင်းငွေပေးချေမှုတွေကို လက်ခံသုံးစွဲမှု များပြားလာတဲ့အချိန်မှာ TrueMoneyMyanmar နဲ့ လက်တွဲခွင့်ရတဲ့အတွက် အရမ်း စိတ်လှုပ်ရှားမိပါတယ်။ အသင်းအဖွဲ့တစ်ခု အနေနဲ့ ကျွန်မတို့က မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ စိတ်ချယုံကြည်ရပြီး စိတ်ကြိုက်ငွေပေးချေမှုတွေကို လုပ်ဆောင်နိုင်တဲ့ ဝန်ဆောင်မှုကို ပေးအပ်ပြီး သုံးစွဲသူ သန်းပေါင်းများစွာ နဲ့ မိတ်ဖက်ကုမ္ပဏီများကို တိုးချဲ့ပေးသွားနိုင်ဖို့ အဆက်မပြတ် ကြိုးစားလျက်ရှိပါတယ်။ ကျွန်မတို့ TrueMoney အနေနဲ့ Covid 19 အခြေအနေမှာ သုံးစွဲသူများရဲ့ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားပြီး ပြည်ပကနေ ပြည်တွင်းကို ငွေလွှဲဝန်ဆောင်မှုကို အသုံးပြုရတဲ့အခါ ပြည်သူလူထုအတွက် အသက်သာဆုံး ဝန်ဆောင်မှုကို ရွေးချယ်နိုင်စေရမယ်လို့ အခိုင်အမာ ယုံကြည်ထားပါတယ်” လို့ ဒေါ်ကြည်သာက ပြောကြားခဲ့ပါတယ်။

-သန္တာ