True Tone Display နည်းပညာ

True Tone Display ဆိုတာကတော့ iOS ထုတ်ကုန်တွေမှာ အသုံးပြုထားတဲ့ Display လုပ်ဆောင်ချက် နည်းပညာတစ်ခု ဖြစ်ပါတယ်။ ဒီနည်းပညာက iPhone နဲ့ iPad တွေရဲ့ Display ကာလာကို ပတ်ဝန်းကျင် အလင်းရောင်ပေါ် မူတည်ပြီး အလိုအလျောက် ချိန်ညှိပေးတာဖြစ်ပါတယ်။

ဒီနည်းပညာက အခန်းတွင်း အလင်းရောင်က နွေးထွေးတဲ့ အလင်းရောင်ဖြစ်တယ်ဆိုရင် Display ရဲ့ အလင်းရောင်ကို နွေးတဲ့ကာလာအနေနဲ့ ပြောင်းလဲပေးတာဖြစ်ပါတယ်။ ဒါက မှန်လိုမျိုး အလင်းကျတဲ့ နေရာက ပြောင်းလဲသွားတာမျိုး တစ်နည်းစာရွက်တစ်ခုပေါ် နေအလင်းရောင် ကျရောက်တဲ့အခါမှာ စာရွက်ရဲ့အရောင် ပြောင်းသွားလဲတဲ့ ပုံစံမျိုးနဲ့ ပိုဆင်တူပါတယ်။

Apple က ဒီနည်းပညာက Display ကို အချိန်ကြာကြာ ကြည့်ရှုအသုံးပြုမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ မျက်ရိုးညောင်းညာကိုက်ခဲမှုကို လျှော့ချပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနည်းပညာကို Apple က ၂၀၁၆ ခုနှစ်က ထုတ်ခဲ့တဲ့ ၉.၇ လက်မ iPad Pro မှာ စတင်မိတ်ဆက် ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ အဲဒီနာက်ပိုင်းမှာတော့ သူ့ရဲ့ မိုဘိုင်းဖုန်းတွေမှာပါ ဒီနည်းပညာကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်။
ဒီနည်းပညာက ဖုန်း Display ကနေ ထွက်တဲ့ အပြာရောင်အလင်း Blue light ကိုလည်း လျှော့ချပေးပါသေးတယ်။

နောက်တစ်ခုက ဒီနည်းပညာက Auto-brightness နဲ့ မတူပါဘူး။ Auto-brightness က ဖုန်းရဲ့မြင်ကွင်း အလင်းရောင်ကို တိုးမြှင့်ပေးတာဖြစ်တဲ့အတွက် ဖုန်းရဲ့ ဘက်ထရီကို အကုန်မြန်စေနိုင်ပေမယ့် True tone Display လုပ်ဆောင်ချက်နည်းပညာက ပတ်ဝန်းကျင်ရဲ့ အလင်းပေါ် မူတည်ပြီး ဖုန်း Display ရဲ့ ကာလာပိုင်းကို အလိုအလျောက် ပြောင်းလဲပေးတာဖြစ်တဲ့အတွက် ဘက်ထရီသုံးစွဲမှုနည်းသလို ဘက်ထရီ အကုန်မြန်စေတာမျိုး မဖြစ်ပါဘူး။

နောက်ပြီး ဒီနည်းပညာက ကင်မရာကနေ မြင်ရတဲ့ ပုံရိပ်တွေကို ပိုမိုသဘာဝကျကျ မြင်တွေ့နိုင်မှာဖြစ်တယ်လို့လည်း Apple က ဆိုပါတယ်။

-ရဲထွဋ်ဝင်း