Transmission 3.00 ကို ထည်သွင်းခြင်း

Transmission ဆိုတဲ့ ဆော့ဖ်ဝဲကတော့ BitTorrent client တစ်ခုပဲဖြစ်ပါတယ်။ Transmission 3.00 ကို Ubuntu OS မှာထည့်သွင်းချင်သူတွေအတွက် ဖော်ပြပါနည်းလမ်းအတိုင်း လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

Ubuntu OS မှာ Transmission 3.00 ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

Tramission ကို Ubuntu မှာထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo add-apt-repository ppa:transmissionbt/ppa

ပြီးသွားရင် Software Update box တက်လာရင် Install ဆိုတာကိုနှိပ်ပြီး Transmission 3.00 ကို ထည့်သွင်း နိုင်ပြီဖြစ်ပါတယ်။

ဖော်ပြပါအဆင့်ကို လုပ်ဆောင်ပြီးရင် သက်ဆိုင်ရာ package တွေကို ထည့်သွင်းမှာဖြစ်တဲ့အတွက် ခေတ္တစောင့်ဆိုင်းပေးရပါမယ်။ Package တွေကို download လုပ်ယူပြီးပြီဆိုရင် တစ်ခါတည်း ထည့်သွင်းပေးသွားပါလိမ့်မယ်။

-သီဟ