Transformers Design FAST Shooting PUBG Game Controller

တစ်စကန့်အတွင်းမှာ သေနတ် (၁၆) ချက် ဆက်တိုက်ပစ်နိုင်မယ့် Transformers Design FAST Shooting PUBG Game Controller ဖြစ်ပါတယ်။ Metal + ABS နဲ့ပြုလုပ်ထားပြီး Bluetooth စနစ်နဲ့ ချိတ်ဆက်ရမှာပါ။ ဂိမ်းအတွင်းမှာ M16, AK47, SKS, Mini 14, SLR, MK47 စတဲ့ လက်နက်တွေနဲ့ အထူးသင့်လျော်ပါတယ်။ 4.5 ~ 6.5 inches မျက်နှာပြင် အရွယ်အစားရှိ Android / iOS စနစ်အသုံးပြု မိုဘိုင်းဖုန်းတွေမှာ တပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ PUBG အပြင် Call Of Duty Mobile, Critical Ops, Rules of Survival, Knives Out, Cross Fire, Terminator 2 Judgment Day စတဲ့ ဂိမ်းတွေမှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အရွယ်အစားက 12 x 10 x 3cm သာရှိပါတယ်။ တန်ဖိုးက ၁၆,၀၀၀ ကျပ်ဖြစ်ပါတယ်။

နေပြည်တော်ဈေးကွက်ထဲမှာ ဝယ်ယူချင်ရင် ESE Mobile & Accessories ဖုန်း ၀၉ ၉ ၇၃၄၉ ၁၀၅၄ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ