Transformation by innovation in Distance Education (TIDE) သင္တန္းဖြင့္လွစ္

[ Zawgyi ]

နည္းပညာကို အသံုးျပဳတဲ့ အေ၀းသင္ပညာေရးစနစ္ ျဖစ္ေပၚလာေစေရးနဲ႔ ျမန္မာ Open University ေပၚထြန္းလာေရးအတြက္ အေထာက္အပံ့ ျပဳေပးႏုိင္ေရးကို ရည္ရြယ္ကာ Transformation by innovation in Distance Education (TIDE) သင္တန္းဖြင့္လွစ္ျခင္းကို ေမလ ၂၁ ရက္က ရန္ကုန္တကၠသိုလ္ Research Center မွာ က်င္းပခဲ့တယ္လုိ႔ သိရပါတယ္။

ပေရာဂ်က္ကာလ အေနနဲ႔ ၂၀၁၇ ခုႏွစ္မွ ၂၀၂၁ အထိ ျဖစ္တယ္လုိ႔ သိရပါတယ္။ Transformation by Innovation in Distance Education(TIDE) ပေရာဂ်က္ကို Strategic Partnership in Higher Education Innovation and Reform(SPHEIR) ကေထာက္ပံ့ေပးၿပီး The Open University, UK မွ ဦးေဆာင္ကာ University of Oxford, The University of Manchester and Irrawaddy Policy Exchange(IPE) တို႔ ပါ၀င္ၿပီး ျမန္မာႏိုင္ငံမွ ရန္ကုန္တကၠသိုလ္၊ ရန္ကုန္အေ၀းသင္တကၠသိုလ္နဲ႔ ရတနာပံုတကၠသိုလ္တို႔က အဓိကပါတနာ အေနနဲ႔ ပါ၀င္ေၾကာင္းသိရပါတယ္။

အေ၀းသင္ပညာေရးကို အေထာက္အပ့ံေပးေနတဲ့ သတင္းအခ်က္အလက္နည္းပညာ၊ စာၾကည့္တိုက္၊ သင္ၾကားမႈနည္းပညာဆုိင္ရာ က႑ေတြမွာ လုပ္ကိုင္ေနသူ ၁၀၀ ဦးကုိ ၃ ႀကိမ္ခြဲၿပီး သင္ၾကားေလ့က်င့္ေပးမွာ ျဖစ္တယ္လို႔ သိရပါတယ္။ သင္တန္းမ်ားပို႔ခ်ရာမွာ ပေရာဂ်က္ မၿပီးဆံုးမီ ေနာက္ဆံုး ၂ ႀကိမ္မွာ Training for Trainer ပံုစံနဲ႔ ျမန္မာပညာရွင္ေတြကို ေလ့က်င့္ရင္းပို႔ခ်ေစတဲ့ပံုစံနဲ႔ ျပဳလုပ္သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

-ေဝေဝ

==========

[ Unicode ]

Transformation by innovation in Distance Education (TIDE) သင်တန်းဖွင့်လှစ်

==========

နည်းပညာကိုအသုံးပြုတဲ့ အဝေးသင်ပညာရေးစနစ် ဖြစ်ပေါ်လာစေရေးနဲ့ မြန်မာ Open University ပေါ်ထွန်းလာရေးအတွက် အထောက်အပံ့ ပြုပေးနိုင်ရေးကို ရည်ရွယ်ကာ Transformation by innovation in Distance Education (TIDE) သင်တန်းဖွင့်လှစ်ခြင်းကို မေလ ၂၁ ရက်က ရန်ကုန်တက္ကသိုလ် Research Center မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ပရောဂျက်ကာလ အနေနဲ့ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ အထိ ဖြစ်တယ်လို့ သိရပါတယ်။ Transformation by Innovation in Distance Education(TIDE) ပရောဂျက်ကို Strategic Partnership in Higher Education Innovation and Reform(SPHEIR) ကထောက်ပံ့ပေးပြီး The Open University, UK မှ ဦးဆောင်ကာ University of Oxford, The University of Manchester and Irrawaddy Policy Exchange(IPE) တို့ ပါ၀င်ပြီး မြန်မာနိုင်ငံမှ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်နဲ့ ရတနာပုံတက္ကသိုလ်တို့က အဓိကပါတနာ အနေနဲ့ ပါ၀င်ကြောင်းသိရပါတယ်။

အဝေးသင်ပညာရေးကို အထောက်အပ့ံပေးနေတဲ့ သတင်းအချက်အလက်နည်းပညာ၊ စာကြည့်တိုက်၊ သင်ကြားမှုနည်းပညာဆိုင်ရာ ကဏ္ဍတွေမှာ လုပ်ကိုင်နေသူ ၁၀၀ ဦးကို ၃ ကြိမ်ခွဲပြီး သင်ကြားလေ့ကျင့်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းများပို့ချရာမှာ ပရောဂျက် မပြီးဆုံးမီ နောက်ဆုံး ၂ ကြိမ်မှာ Training for Trainer ပုံစံနဲ့ မြန်မာပညာရှင်တွေကို လေ့ကျင့်ရင်းပို့ချစေတဲ့ပုံစံနဲ့ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

-ဝေဝေ