Transcend ESD 240c Portable SSD

ပေါ့ပါးတဲ့ အလူမီနီယံနဲ့ တည်ဆောက်ထားပြီး တောက်ပတဲ့ ငွေရောင်နဲ့ Transcend ESD 240c Portable SSD ပြည်တွင်းစျေးကွက်ထဲ ဝင်လာပါတယ်။ OS မရွေး Desktop, Laptop တွေနဲ့ တွဲဖက်အသုံးပြုနိုင်တဲ့ Storage Devices ဖြစ်ပြီး USB OTG support ရနိုင်တဲ့ ဟန်းဆက်၊ Tablet စတဲ့ Mobile Device တွေနဲ့ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Backup နဲ့ restore၊ data encryption, cloud backup နဲ့ disk locking transfer စတာတွေ အသုံးပြုနိုင်တဲ့ Transcend Elite data management software package ကိုပါ အသုံးပြုနိုင်မှာပါ။ Speed က 520MB/s အထိတက်တာကြောင့် 1GB လောက်ရှိတဲ့ Data ကို ကူးပြောင်းဖို ၂ စက္ကန့်လောက်ပဲ အချိန်ပေးရမှာ ဖြစ်တဲ့အတွက် သာမန် External HDD တွေထက် မြန်ဆန်မှု ပိုသလို သယ်ဆောင်ရတာလည်း ပေါ့ပါးပါတယ်။ Port အတွက် Type-C ကိုအသုံးပြုပေးထားပြီး တွဲဖက်အသုံးပြုဖို့ USB 3.1 to Type-C နဲ့ Type-C to Type-C cable တွေလည်း တစ်ပါတည်း ပါဝင်မှာပါ။

အရွယ်အစား 81.4 mm x 33.6 mm x 7.5 mm ရှိပြီး 33g အလေးချိန်ခန့်သာ ရှိလို့ သွားလေရာကို ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင် အသုံးပြုနိုင်မှာပါ။ စျေးကွက်အတွင်းကို 240GB နဲ့ 480GB လို့ ဝင်ရောက်တာဖြစ်ပါတယ်။ 240GB က ကန်ဒေါ်လာ ၅၅ ဒေါ်လာနဲ့ ညီမျှတဲ့ကျပ်ငွေနဲ့ ရောင်းချပေးမှာ ဖြစ်ပြီး 480GB က ကန်ဒေါ်လာ ၈၇ ဒေါ်လာနဲ့ ညီမျှတဲ့ကျပ်ငွေနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။

Linn IT & Mobile Mart (နေပြည်တော်) ဖုန်း (၀၆၇) ၂၄၄၈၈၊ ၂၆၈၈၄ တို့မှာ ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««