Tradenet 2.0 စနစ် အသုံးပြုမှု အွန်လိုင်းသင်တန်း ၁/၂၀၂၁ အခမဲ့ဖွင့်လှစ်မည်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ ဖွင့်လှစ်မယ့် ကုန်သွယ်မှု ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတွေကို အွန်လိုင်းစနစ်နဲ့ အပြည့်အဝ အသုံးပြုနိုင်မယ့် Tradenet 2.0 စနစ် အသုံးပြုမှုနဲ့ ကုန်သွယ်မှုနဲ့ သက်ဆိုင်တဲ့ ဘာသာရပ်တွေကို အွန်လိုင်းစနစ်နဲ့ အခမဲ့ ဖွင့်လှစ် သင်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ လုပ်ငန်းတွေကို ဇန်နဝါရီ ၂၁ ရက် နဲ့ ၂၂ ရက်တွေမှာ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ ကုန်သွယ်လုပ်ငန်းရှင်တွေ သိသင့်တဲ့ Tradenet 2.0 အသုံးပြုမှု ၊ ပို့ကုန်သွင်းကုန်နဲ့ဆက်စပ်ကတ်များ၊ ပို့ကုန်သွင်းကုန် လိုင်စင်ပါမစ်၊ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်နဲ့ ကုန်သွယ်မှုဆိုင်ရာ ဘာသာရပ်တွေကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

သင်တန်းသားသတ်မှတ်ချက်က ပသက မှတ်ပုံတင်ထားပြီး Myanmar Tradenet Member သက်တမ်းရှိတဲ့ ကုမ္ပဏီများမှ သက်ဆိုင်ရာကုမ္ပဏီ အကြီးအကဲက တာဝန်ပေးအပ်တဲ့ ဝန်ထမ်း (၁) ဦး တက်ရောက်နိုင်ပြီး သင်တန်းလျှောက်လွှာနဲ့ ကုမ္ပဏီမှထောက်ခံချက်တွေကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၈ ရက်၊ ညနေ ၄ နာရီ နောက်ဆုံးထားကာ dotictapp@gmail.com သို့အချက်အလက်အပြည့်အစုံနဲ့ ပေးပို့ရမှာ ဖြစ်ပြီး လျှောက်လွှာ Form ပုံစံကို https://bit.ly/35L6R9r မှာ download ရယူနိုင်ပါတယ်။

တက်ရောက်ခွင့်ရရှိတဲ့ လုပ်ငန်းရှင်ကိုယ်စားလှယ်တွေရဲ့ အီးမေးလ်ကို သင်တန်းသင်ကြားမယ့် Virtual Online Link အား တိုက်ရိုက်ပြန်လည်ပေးပို့သွားမှာဖြစ်ပြီး သင်တန်းကို အချိန်ပြည့်ပြီးဆုံးအောင် တက်ရောက်ရမှာဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««