Trackpad ထောက်ပံ့မှုပါဝင်တဲ့ iPad Pro ကို Apple မိတ်ဆက်

Apple ဟာ iPad Pro အသစ်တွေကို မိတ်ဆက်လိုက်ပါတယ်။ iPad Pro အသစ်တွေဟာ အရွယ်အစားအပေါ် မူတည်ပြီး Wi-Fi ဗားရှင်း 128GB ကို ၇၉၉ ဒေါ်လာဒါမှမဟုတ် ၉၄၉ ဒေါ်လာ ကျသင့်ပြီး မတ် ၂၅ ရက်မှာ စတင်ရောင်းချမယ်လို့သိရပါတယ်။

iPad Pro အသစ်ဟာ မနှစ်ကထွက်ရှိလာတဲ့ ၁၁ လက်မနဲ့ ၁၂.၉ လက်မ မော်ဒယ်တွေအတိုင်းဖြစ်ပြီး ပရိုဆက်ဆာနဲ့ ကင်မရာစနစ်သစ်တွေ ပါဝင်လာပါတယ်။ Apple iPad Pro အသစ်ရဲ့ အဓိက feature ကတော့ LIDAR scanner ပါဝင်ပြီး depth sensing နဲ့ AR အတွက် ကင်မရာကို ထောက်ပံ့ထားပါတယ်။ ဒါ့အပြင် keyboard အသစ်လည်းပါဝင်လာပါတယ်။

အဲဒီ keyboard ကို ဖြန့်လိုက်တဲ့အခါ iPad ကိုမြှင့်တင်ပေးနိုင်ပြီး trackpad လည်းပါဝင်လာပါတယ်။ Apple က Magic Keyboard ခေါ်ဆိုတဲ့ keyboard ဟာ MacBook keyboard ကိုအဆင့်မြှင့်တင်ပြီး ဒီဇိုင်းပြန်လည်ရေးဆွဲထားတာဖြစ်ပါတယ်။ Keyboard မှာနောက်ခံမီးရောင်ပါဝင်ပြီး အားသွင်းဖို့ USB-C နဲ့ ရှုထောင့်အမျိုးမျိုးက ကြည့်နိုင်ဖို့ အလွယ်တကူချိန်ညှိနိုင်ပါတယ်။ Apple ရဲ့ Magic Keyboard ကိုမေလမှာ ရောင်းချပါမယ်။ ဒါပေမဲ့ ၁၁ လက်မမော်ဒယ်အတွက် keyboard ကတော့ ၂၉၉ ဒေါ်လာနဲ့ ၁၂.၉လက်မ အတွက် keyboard ကတော့ ၃၄၉ဒေါ်လာကျသင့်ပါမယ်။

iPad Pro မှာ A12Z Bionic ချစ်ပ်အသုံးပြုထားပြီး GPU မှာ core ၈ခုပါဝင်လာပါတယ်။ iPad Pro ကို ၁၀ နာရီအသုံးပြုနိုင်ပြီ gigabit LTE ကိုထောက်ပံ့ထားပါတယ်။ iPad Pro မှာ iPhone 11 Pro ကင်မရာ ၃လုံးကို မတူညီတဲ့ အစီအစဉ်နဲ့ အသုံးပြုထားပါတယ်။ iPad Pro မှာတော့ wide-angle နဲ့ ultrwide တို့ပါဝင်ပြီး တတိယ sensor ကတော့ LIDAR ဖြစ်ပြီး depth-sensing နဲ့ augmented reality တို့ကို ထောက်ပံ့ပေးပါတယ်။

iPad Pro အသစ်တွေကို ငွေနဲ့ မီးခိုးနဲ့ ထုတ်လုပ်ကာ 128GB, 256GB, 512GB ဒါမှမဟုတ် 1TB storage ဗားရှင်းတွေ ထုတ်လုပ်ထားပါတယ်။ ၁၂.၉လက်မ iPad Pro ရဲ့ storage 1TB နဲ့ LTE ထောက်ပံ့မှုပါဝင်တဲ့ မော်ဒယ်ကတော့ ဒေါ်လာ ၁,၆၄၉ ကျသင့်ပါတယ်။ Magic Keyboard က ဒေါ်လာ ၃၄၉ ဖြစ်တဲ့အတွက် စုစုပေါင်း ၁,၉၉၈ ဒေါ်လာကျသင့်မှာ ဖြစ်ပါမယ်။

စိုးထက်
Ref: TheVerge